~၄~

15 3 0
                                    

အတိတ်.....

December 12

သူတို့လက်ထပ်ခဲ့ကြပြီ
သိတဲ့သူဘယ်သူမှမရှိတဲ့နေရာတစ်ခုမှာ ဂုဏ်ပြုပေးမယ့်သူတစ်ယောက်မှမရှိပေမဲ့လို့ သူတို့တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်လို့ သစ္စာကျမ်းကျိန်ဆိုခဲ့ကြပြီ

အခု မောင်က တရားဝင်သူနဲ့သက်ဆိုင်တဲ့ သူ့ရဲ့ခင်ပွန်းသည်ဖြစ်နေလေပြီ မောင်နဲ့သူကမိသားစုငယ်လေးတစ်ခုပါတဲ့ မောင်ကသူ့မိသားစုဝင်တဲ့ တွေးကာတွေးကာနဲ့ပျော်လွန်းလို့ ရွက်ကြွေလက်ထဲကစာရွက်တစ်ခုဆိုပေမဲ့ လက်ထပ်မှတ်ပုံတင်စာချုပ်လေးကိုကြည့်မဝ တစ်ကောင်ကြွက်ဖြစ်တဲ့သူ့အတွက် ထိုအချိန်တည်းက မောင်ကသာသူ့အရာရာဖြစ်ခဲ့လေသည်

*မောင် ထတော့ ဒီလိုနဲ့မင်းကျောင်းနောက်ကျတော့မယ်*

ရွက်ကြွေကကျောင်းပြီးသွားပေမဲ့ မောင်ကကျောင်းတစ်ဝက်တစ်ပြတ်နဲ့ပင် သူတို့ဒီနိုင်ငံကိုထွက်လာခဲ့ကြခြင်းပင်
သူကဘာပဲဖြစ်ဖြစ် ကိစ္စမရှိပေမဲ့ မောင့်လိုရွှေဇွန်းကိုက်ကာကြီးပြင်းလာတဲ့သူတစ်ယောက်က သူနဲ့အတူဒုက္ခခံနေရတာကိုတော့ ရွက်ကြွေ စဉ်းစားမိတိုင်း တကယ်စိတ်မချမ်းသာပါ အဲ့လိုဆိုတော့ သူ မောင်နဲ့ဝေးရာမှာနေနိုင်လားဆိုတော့လည်း မနေနိုင်ပါ ဒါကြောင့်လည်း အရဲကိုးကာ မောင်ခေါ်ရာနောက် သူအကုန်လုံးကိုထားခဲ့ကာလိုက်ခဲ့ခြင်းသာ

*ဘာတွေတွေးနေတာလဲ မောင့်ကိုပစ်ထားပြီး*

အချွဲပိုလွန်းတဲ့သူ့အိမ်သားမှာ ကုတင်ပေါ်ကနေ သူ့ခါးကိုလှမ်းဖက်ကာ သူ့ဝမ်းဗိုက်ပေါ်မှာပါးအပ်လို့ ခွေးပေါက်လေးလိုအီနေပြန်လေပြီ

*ကျောင်းနောက်ကျတော့မယ်လေ မောင်ရဲ့ ထတော့ ငါလည်းအလုပ်သွားရဦးမှာ*

မောင့်ဆံပင်ဖွာဖွာတွေကိုသူအသာပွတ်သပ်ရင်း ပြန်ဖြေလိုက်လေသည်
ကျောင်းစာတွေရော အလုပ်ရောနဲ့ မောင့်ခမျာ သေချာလည်းမနားရရှာပါ

*ပင်ပန်းနေပြီလား မောင်*

မောင်ကသူ့ကိုဖက်ထားရာကနေ ခေါင်းမော့လို့ကြည့်လာလေသည် ထို့နောက် မျက်ဝန်းတွေကလခြမ်းကွေးလိုမှေးမှိတ်သွားသည်အထိပြုံးပြကာ ခေါင်းခါလာလေသည်

ရွက်ကြွေ🍂Where stories live. Discover now