"ငါသူငယ်ချင်းလေးက လက်ထပ် တော့မှာဆိုတော့ ဝမ်းသာပါတယ်၊နင်လို ရေခဲတုံး နှလုံးသားကိုအရည် ဖျော်နိုင် တဲ့ အဲ့ မိန်းမကြီးကို တစ်ကယ်အံ
သြော် တယ်ဟယ်၊ နေစမ်းပါအုန်းသူက ဘယ်သူလည်း""နင့်အမေ"
"ဘာ!!!"
ဟိန်းထက် ၏အော်သံကြောင့် မောင်
တစ်ယောက် လိပ်ပြာလွင့် မတက်လန့်
ဖြန့်သွားရသည်၊တစ်ခြားဝိုင်းကို လှည့်ကြည့်လိုက်တော့ လန့်လိုထင်တယ်
ဒီဘက်ကို ကွက်ကြည့်ကွက်ကြည့်
ကြည့်လာကြသည်"ဖြေးဖြေး သာသာ လုပ်စမ်းပါဟိန်းရယ်"
"ငါနားကြားမှားတာ မဟုတ်လား"
"မဟုတ်ဘူး အတည် "
"ဟမ်း ဘယ်တုန်းကလည်း ဘယ်လိုဖြစ်သွားတာလည်း ငါသဘောမတူနိုင်ဘူးနော် မောင်"
"တီလေး နဲ့ငါနဲ့က ချစ်နေတာကြာပါပြီး၊ ငါတို့ချစ်ခြင်းကို မခွဲပါနဲ့၊ဟိန်းရယ်
နင်သဘော မတူလည်း ငါခိုးပြေးမှာ နော် နင်အမေ ငါအချစ်တော်ကို""နင်ကို မိဒွေးမတော်ချင်းဘူး၊ ဒီမယ်
ငါတားလည်း မရဘူးမဟုတ်လား၊ယူကြ ယူကြ ကြိုက်သလိုယူကြ ၊နှစ်ယောက်စလုံး ဟန်ဆောင်ကောင်းပါတယ် ပိရိနေတာဘဲ ငါကိုလိမ်ထားကျတာ""ဟဲ ဟဲ ဟိန်းလေးကလည်း အဲ့တာကြောင့်ချစ်တာ"
၂နှစ်ခန့်က....
.
.
.
.
."ဟေ့ ဟိန်း ကြီး ကောင်မ ငါ့စောင့်အုန်း "
အသံကြားရာ လှည့်ကြည့်လိုက်
တော့ ပြည့်ဦးမောင် ပင်၊
အပြေးအလွှား ရောက်လာသည်"ဟဲ့ ညည်းဘယ်လို ခေါ် လိုက်တာလည်း"
"ကောင်မလေ ကောင်မလို့ ခေါ် တာ
ဘာဖြစ်လို့တုန်း""ဟယ် အိမ်က မာတာမိခင်သာ ကြား
ရင် ငါအသတ်ခံရမှာ ဟဲ့ ""အဲ့ဆို ပြန်ဖြောင့်လေ"
"ဟဲ့ ဖြောင့်စရာလား ၊ သွား ကိုယ်သွားစရာ ရှိတဲ့ လမ်းကိုကြွ၊ ငါကိုကိုနဲ့ ချိန်းထားတာ ၊ညည်းလုပ်လို့ နောက်ကျကုန်ပြီး"
ကြာတော့ ဟိန်းထက်ကို ကြည့်မရတော့ပေ၊
လင်တရူးတာလဲ ရူးပေါ့၊
ဘယ်နှယ့် သူငယ်ချင်း အရင်း
ကြီးကို ခွေးမောင်းသလို မောင်းနေတာ
၊