Part - 2

30 5 3
                                    

      ဒီ fiction တွင်ရေးသားသမျှသည်မည်သူတစ်ဦးတစ်ယောက်ကိုဖြစ်စေ၊ကိုးကွယ်ယံုကြည်မှုဘာသာရေးတစ်ခုခုကိုဖြစ်‌ေစစော်ကားထိခိုက်စေလိုခြင်းအလျှင်းမရှိပါ။
      စိတ်ကူးယဉ်ပုံဖော်ထားခြင်းသက်သက်သာဖြစ်ပါသည်။
                    ~~~~~~~~

ဂျယ်ဂျူကျွန်းရဲ့အစွန်အဆုံးမှာတည်ရှိနေတဲ့မြို့ငယ်လေး

ကားလမ်းလည်းမပေါက်ဘဲဝေးလံခေါင်ဖျားပြီးချောင်ကျကျနေရာမှာရှိတဲ့မြို့ငယ်လေး

အဲ့ဒီမြို့လေးကိုသွားမယ်ဆိုတောအုပ်လေးကိုအရင်ဖြတ်ရဦးမယ်

တောအုပ်ကလေးအလွန်မြို့အဝင်ဝမှာမြူတွေအမြဲလိုလိုဆိုင်းနေတတ်တာမို့တိတ်ဆိတ်အေးချမ်းမှုနဲ့အတူကျောချမ်းဖွယ်အေးစက်စက်ခံစားချက်ကိုရနိုင်တယ်တဲ့လေ

မြို့လေးထဲဆက်သွားမယ်ဆိုမြို့လယ်ကရေပန်းနဲ့မြူတွေကြားကမှုန်ဝါးနေတဲ့လမ်းကျဉ်းလေးခြောက်သွယ်ရယ် ၁၉ရာစုကတည်းကခုချိန်ထိပြန်လည်ပြင်ဆင်တည်ဆောက်ထားခြင်းမရှိတဲ့အိမ်လေးတေ‌ွကလွမ်းမောဖွယ်အငွေ့အသက်အပြည့်နဲ့သဘောကျစရာအတိပါပဲ

တောင်-မြောက်စစ်ပွဲတွေအပြီး‌ေမတ္တာတရားကြီးမားပြီးသနားကြင်နာတတ်တဲ့ခရစ်ယန်သာသနာပြု
ဖာသာတစ်ဦးရောက်လာပြီးနောက်ပိုင်းတစ်မြို့လံုးခရစ်ယာန်ဘာသာကိုသက်ဝင်ယံုကြည်ခဲ့ကြ‌တယ်

မြို့အဝင်ဝကနေပဲလှမ်းကြည့်တာ‌ေတာင်မှ မြို့ရဲ့တောင်ပိုင်းမှာတည်ရှိတဲ့ Church ကျောင်းကြီးရဲ့သစ်လွင်ခမ်းနားမှုကိုအတိုင်းသားမြင်နိုင်တယ်

မြို့လေးကငယ်ပေမယ့်မြို့သူမြို့သား‌ေတွရဲ့ယုံကြည်မှုစွမ်းအားကတော့မငယ်ပါဘူးလေ

သူတို့ကဘုရားသခင်ရဲ့အဆုံးအမကိုလိုက်နာကြတယ်

ဖာသာရဲ့စကားကိုတ‌‌ေဝမ‌သိမ်းလိုက်နာခဲ့ကြတယ်

တ‌ေဝမသိမ်းမှလုံးဝကိုတ‌ေဝမသိမ်းတဲ့လေ!!

ဦးဆောင်လမ်းပြသူကနေချုပ်ကိုင်ချယ်လှယ်သူဖြစ်လာတော့တစ်ချို့အရာတွေကအကျည်းတန်ဆန်လာတော့တာပေါ့

The Asshole Angel 😇Where stories live. Discover now