Unicode
" ဒါနဲ့အရင်စကြမလား "
" နင်ကသေရမှာ အားးးးး "
" ငါ့ကိုလွှတ်ပေးစမ်း နင့်ကိုသတ်မယ် သတ်မယ် ဂါးးးးးးးအား "လက်ဝါးကပ်တိုင်အသေးဆုံးကိုရွေးယူကာ ရေမန်းဖျန်းလိုက်သည်။
" ဒါလေးနဲ့စရင် သိပ်မနာလောက်ဘူးထင်တယ် "" လွှတ်ပေးလို့ ငါ့ကို "
အခန်းငယ်တစ်ခု၏ အလယ်သံကုတင်ပေါ်တွင် လက်နှစ်ဖက်ခြေနှစ်ဖက်ကို သံကြိုးနှင့်ပူးတွဲချည်နှောင်ခံထားရသော အမျိုးသမီးငယ်က လွန့်လူးကာအော်ဟစ်နေသည်။
အခန်းပတ်လည်တွင် ဆီမီးတိုင်ကြီးများထွန်းထားလေသည်။
ပြင်ပအလင်းရောင်မရှိဘဲ ဆီမီးရောင်ဖြင့်သာလင်းနေသော အခန်းငယ်လေးထဲတွင် အလင်းရောင်မှိန်ဖျော့ဖျော့ကြား အော်ဟစ်သံများဖြင့်ဆူညံနေလေသည်။"အားးးးးးးးး"
နာကျင်စွာ ရင်ခေါင်းထဲမှ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သော အမျိုးသမီးငယ်၏အော်သံအဆုံး မှိတ်ကျသွားသောဆီမီးများ ။*
" ဖာသာ Zane Nathan မင်္ဂလာပါ "
လမ်းတွင် နှုတ်ဆက်နေကြသော သီလရှင်များကို
ဇိန်းအပြုံးတပွင့်ဖြင့် ပြန်လည်ခေါင်းငြိမ့်ပြလိုက်သည်။
ကုန်းမြင့်ပေါ်တွင်ရှိသော ဘုရားကျောင်း၏ အရှေ့
စင်္ကြန်လမ်းအတိုင်း ဇိန်းလျှောက်လာရင်း
ဖာသာ ပီတာ အခန်းသို့ချိုးကွေ့လိုက်၏။" ဒီနေ့လည်း ဖာသာ ဇိန်းနသန် ပြုံးနေပုံထောက်ရင် အောင်အောင်မြင်မြင်အစွဲချွတ်နိုင်ခဲ့တယ်ထင်တယ် "
" ကျွမ်းကျင်တဲ့အလုပ်ဘဲလေ "
အသက် ၂၄ နှစ်ဘဲရှိသေးသော ဖာသာဇိန်းနသန်က
ဤ ဘုရားကျောင်းတွင်အသက်အငယ်ဆုံး သင်းအုပ်ဆရာဖြစ်သည်။" ဖာသာ ဖာသာ ပြဿနာတက်ပြီ "
သီလရှင်လေးတစ်ယောက်က အမောတကောပြေးလာကာ ပြောလိုက်၍
ဖာသာပီတာ ဇိန်းကိုလှမ်းကြည့်လိုက်ကာ သီလရှင်အားမေးလိုက်၏ ။
" ဘာဖြစ်တာလဲ "" စောနကအမျိုးသမီး ပြန်နိုးလာတယ် မကောင်းဆိုးဝါးပူးကပ်နေတုန်းဘဲ "
YOU ARE READING
Zane Nathan
Horrorမှုခင်းဇာတ်လမ်းမျိုးကို horrorဆန်ဆန်ပေါင်းစပ်ထားတာမျိုး ကြည့်ရတာဖတ်ရတာကြိုက်ကြသူတွေရှိကြလားရှင့် ဒါဆိုရင်တော့ Zane Nathan ကသင့်အတွက်ပါဘဲ ! K drama တွေကြည့်ရင်အပနှင်တာမျိုးပါတဲ့ကားမျိုး ကြည့်ရတာကြိုက်တဲ့သူတွေကော ရှိကြလားရှင့် ဒါဆိုရင်လည်း Zane Nathan...