1

79 10 2
                                    

Unicode

" မိဘမဲ့ကလေးတွေအတွက် နေ့လည်စာ ထမင်းဘူး ၁၀၀၀ လာပို့တာလား "

" ဟုတ်ပါတယ် "

" ကျေးဇူးပါ "

ဇိန်းက လက်ထဲအထုပ်တွေပြည့်နေတဲ့ ဖာသာကြီးအနားသွားလိုက်ကာ လက်ထဲရှိ ထမင်းဘူးများခွဲမျှယူလိုက်သည်။

" ဖာသာ ဇိန်း "

" ဟုတ်ကဲ့ ဖာသာကြီး "

" မင်းတောင်အရွယ်ရောက်နေပြီဘဲ "

ဖာသာကြီးအပြောကို ဇိန်းက အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

" ဖာသာ ဇိန်းနသန် ကိုငါတာဝန်တစ်ခုပေးချင်တယ် "

" ဘာများလဲ "

" ထမင်းဘူးတွေ အရင်သွားထားလိုက်ရအောင် "

ဖာသာကြီး အပြောကို ဇိန်း ခေါင်းငြိမ့်ပြလိုက်သည်။
ခုဇိန်းနေနေသည့် ဘုရားကျောင်းဝန်းသည် အလွန်ကျယ်သည်ဟု ပြောလို့ရ‌လောက်သည် ။ တောင်ကုန်းမြင့်ပေါ်တွင် မိဘမဲ့ကျောင်းနှင့် ဘုရားကျောင်းဝန်းသည် တစ်ဝန်းထဲဖြစ်သည်။
အဝေးသို့ကြည့်လိုက်လေရာ ကလေးတွေနေ့လည်စာစားဖို့ ဆင်းလာကြလေပြီ ။
ဒီမြင်ကွင်းက သူ့ငယ်ဘဝကို အမှတ်ရစေသည်။ဇိန်း အကြည့်တို့ကို ပြန်ရုတ်သိမ်းကာ ရှေ့တူရှူသို့သာ ကြည့်၍ ထမင်းဘူးများထားရမည့် စားဖိုဆောင်သို့ ဖာသာကြီးနှင့်အတူ သွားလိုက်သည်။

" ကိုးလင်းမြို့ကို ကြားဘူးလား "

လမ်းလျှောက်နေရင်း ဖာသာကြီးက တိုးညင်းစွာ စကားစလိုက်သည်။

" ကြားဘူးပါတယ် ရေမြေကအတော်‌ေကာင်းပြီး
နေချင်စဖွယ်မြို့တစ်မြို့ပါ "

ဆံပင်ဖြူများ ဖုံးလွှမ်းနေသော ဖာသာကြီးခေါင်းက တညိမ့်ညိမ့်ဖြစ်သွားသည်။

" ဟုတ်တယ် ကိုးလင်းဆိုတာ အဲ့လိုမြို့ဘဲ ဒါပေမယ့် "

" ဖာသာကြီး ဖာသာ Zane Nathan မင်္ဂလာနေ့လည်ခင်းပါ "

ဖြတ်သွားဖြတ်လာလူများက နှုတ်ဆက်လိုက်သဖြင့်
ဖာသာကြီး၏ စကားသည် ရပ်တန့်သွားသည်။
ဖြေးဖြေးချင်း လမ်းလျှောက်လာရာ စားဖိုဆောင်သို့ပင် ရောက်ခံနီးလေပြီ ။ ဇိန်း ဖာသာကြီးဘာထပ်ပြောမလဲ စောင့်နေပေမယ့် ဖာသာကြီးက လက်ထဲက ထမင်းဘူးများကိုသာ အထူးဂရုစိုက် ကိုင်နေလေသည်။

You've reached the end of published parts.

⏰ Last updated: Oct 13 ⏰

Add this story to your Library to get notified about new parts!

Zane Nathan Where stories live. Discover now