အခန်း ( ၇ )

36 6 1
                                    

Pock တစ်ယောက်အရင်နေ့တွေလိုပဲအိပ်ရာထကာချစ်သူလေးလာခေါ်ချိန်ကိုစောင့်နေပါသည်။ သူမကို သူမသိပါသည်။ သူမ Pan ဆိုတဲ့ အမျိုးသမီးလေးကိုအရမ်းချစ်သည်ဆိုတာကိုပေါ့.. ချစ်တယ်ဆိုတဲ့စကားထပ်ပိုတဲ့စကားလုံးရှိရင်လဲ သူမပြောချင်ပါသည်။ ဒါပေမဲ့ သူမ မယုံကြည်နိုင်တာက မိတ်ဆွေတစ်ယောက်လိုခင်သည့် အမျိုးသမီးကို ဘယ်လိုကြောင့် ဒီလောက်ချစ်မိသွားရသလဲဆိုတာကိုပါပဲ။

တီ... တီ... တီ.... ဟောကြားလိုက်ရတဲ့ ကားဟွန်းတီးသံကြောင့် Pock တစ်ယောက်ခြံပြင်သို့ထွက်လာပါသည်။ ထို့နောက် ကားတံခါးဖွင့်ကာ ကားပေါ်သို့ဝင်ထိုင်လိုက်တာနဲ့ တပြိုင်ထဲ သူမရဲ့ ပါးပြင်ထက်သို့ရောက်လာသော နှုတ်ခမ်းတစ်စုံကြောင့် ပြုံးမိပါသည်။

" အရမ်း အသားယူတာပဲ "

" ချစ်တာကိုလို့ "

" ဟွန့်နော် "

" ကဲ.. ဘယ်ဆိုင်သွားချင်လဲ "

" Pan အဆင်ပြေတဲ့ဆိုင်သွားလေတယ် "

ဒီလိုနဲ့ သူမတို့ ၂ယောက်ဆိုင်တစ်ဆိုင်မှာမနက်စာသွားစားကာ စားပြီးတဲ့နောက်မှာတော့ Pock ကိုသူမရဲ့ဆိုင်သို့ပြန်လိုက်ပို့လိုက်ပါသည်။ သူမကိုပြန်ပို့ပေးပြီးမှ Pan ကသူမအလုပ်ရှိရာသို့သွားပါသည်။

Pock ကတော့ ဆိုင်မှာနေနေကြအတိုင်းနေကာ ညနေ ၅နာရီလောက်မှာတော့ ဆိုင်ကို San ရောက်လာကာညစာအတူသွားစားမယ်ဆိုသောကြောင့်John နဲ့ Ink တို့၂ယောက်နဲ့ပဲထားခဲ့လိုက်ရပါသည်။ စားသောက်ဆိုင်သို့ရောက်တော့ Pock နဲ့ Sanတို့စားစရာများမှာကြကာစားစရာစောင့်နေတဲ့အချိန်မှာ San ဘက်ကစကားစလာပါသည်။

" အစ်မ "

" ဟင်အင်.. "

" မနက်ဖြန် မနက် ၈နာရီလေယာဉ်နဲ့ San ပြင်သစ်ပြန်မယ် "

" ဒါဆို.. တနင်္လာနေ့က မနက်ဖြန်ပေါ့.. "

I wanna be yours ( Completed )Where stories live. Discover now