အခန်း ( ၆ )

24 6 5
                                    

   ၃လခန့်ကြာပြီးနောက်...

Pan နှင့် Sanတို့ ၂ယောက် Pock ကိုရည်းစားစကားပြောထားကြတာ ဘာလိုလိုနဲ့ ၃လရှိပြီဖြစ်ပါသည်။ ထို ၃လအတွင်းမှာ Pan နှင့် Pock တို့သိပ်မတွေ့ဖြစ်ကြပါ။ အဘယ့်ကြောင့်ဆိုသော် Pan ကသူမရဲ့အလုပ်ကိစ္စနဲ့ လန်ဒန်သို့ခရီးသွားနေသောကြောင့်ဖြစ်ပါသည်။ ထို ၃လအတွင်းမှာ Pock သူမကိုယ်သူမသေချာသုံးသပ်ကာ စဉ်းစားခဲ့ပါသည်။ နောက်ပြီးထို၃လအတွင်းမှာ သူမ San နဲ့ပိုပြီးလဲနီးကပ်ခဲ့ပါသည်။

Pock တစ်ယောက်ကိတ်မုန့်ပုံစံအသစ်စမ်းလုပ်ကြည့်နေရင်းမှ Pan နဲ့ Sanတို့အကြောင်းစဉ်းစားနေမိပါသည်။ သူမမှာတိကျတဲ့အဖြေတစ်ခုရှိပေမဲ့လဲသူမ မပြောချင်သေးပါ။ အကယ်၍ သူမ၂ဦးထဲမှတစ်ဦးကိုရွေးချယ်လိုက်လျင် ကျန်တစ်ဦးကိုလဲ မနာကျင်စေလိုသောကြောင့် သူမ မပြောသေးပဲနေနေတာဖြစ်ပါသည်။

" အမလေး.. အမေ့... " Pock အတွေးလွန်နေတုန်းသူမရဲ့ခါးပေါ်သို့ရောက်လာသော လက်တစ်စုံကြောင့် လန့်ပြီးအော်မိပါသည်။

Pock အနောက်ကိုသေချာလှည့်ကြည့်မိတော့မှ သူမကို ၃လလောက်ထားခဲ့ပြီး အလုပ်သွားလုပ်သည့် Pan ဖြစ်နေပါသည်။ Pock တစ်ယောက် Panကိုသေချာကြည့်မိတော့ ပိန်သွားတာကိုတွေ့ရပါသည်။ နောက်ပြီး ဆံပင်လေးလဲ အနည်းငယ်တိုသွားပါသည်။

Pan ကတော့ သူမချစ်သောအမျိုးသမီးလေးကို အရမ်းလွမ်းနေပြီဖြစ်ဖြင့် လေယာဉ်စိုက်တာနဲ့တစ်ပြိုင်ထဲ Pock အိမ်သို့တန်းလာခဲ့တာဖြစ်ပါသည်။ အိမ်ထဲရောက်တော့ မည်သူမှမတွေ့သဖြင့် နောက်ဖေးမီးဖိုချောင်ထဲဝင်လာကြည့်မိတော့ တွေ့လိုက်ရသော Pan ရဲ့အမျိုးသမီးလေးအိမ်နေရင်းဘေးဘီအတိုလေးနဲ့တီရှပ်အဖြူလေးကိုဝတ်ထားပြီး နက်ပြာရောင် apron လေးကိုဝတ်ဆင်ထားပြီး သူမရဲ့ဆံပင်တွေကိုတော့ စုကာစီးထားတာကိုတွေ့ရပါသည်။

Pan လဲတစ်ခါမှ ဒီလိုမလုပ်ဖူးပေမဲ့ အရမ်းလွမ်းနေပြီဖြစ်သဖြင့် ခါးနောက်ကနေ သိုင်းဖတ်မိပါသည်။ ထိုအခါသူမချစ်သောအမျိုးသမီးလေးထံမှထွက်လာသော အသံနှင့်အတူ သူမရင်ခုန်ရပါသည်။

I wanna be yours ( Completed )Where stories live. Discover now