ဟိုတစ်ခါ vc နဲ့ sex chat သဘောမျိုးပြီးတော့ သူတို့သိပ်ပြီး vc ပြောတာမျိုးမရှိတော့၊ သူကတော့ အမြဲအားနေပေမယ့် မအားတာက ဟယ်ရီ။
အရင်က ဟယ်ရီက သူနိုးတာနဲ့ အမြဲစာပို့သည်၊ အန်ဒရူးဘက်မှာ မနက်တစ်နာရီ နှစ်နာရီ ဖြစ်နေလည်း လွမ်းလို့ဆိုပြီး အမြဲဖုန်းခေါ်သည်၊ သူကလည်း မငြီးမငြူနဲ့ ဖုန်းပြောပေးတာချည်းပဲ၊ တစ်ခါတစ်လေဆို မနက်မိုးလင်းလင်းချင်း vc ခေါ်ပြီး ရေချိုး မျက်နှာသစ်တာမျိုး တူတူလုပ်ကြတဲ့အထိ၊ ဟယ်ရီ ကျောင်းရောက်နေတဲ့ အချိန်ကလွဲပြီး အမြဲတမ်း အဆက်အသွယ်ရှိသည်။
နောက်ပိုင်း ဟယ်ရီက မအားတာကို အကြောင်းပြပြီး ဖုန်းမပြောဖြစ်တော့ သူဖုန်းဆက်ရင်လည်း အမြဲတခြားနေရာရောက်နေတာမလို့ ပြန်ဆက်သွယ်မယ်ဆိုပြီး ဖုန်းချပစ်တာတွေနဲ့ချည်း ကြုံရသည်၊ စာနဲ့ပဲ အဆက်အသွယ်လုပ်ဖြစ်ပေမယ့် ဟယ်ရီ့စာတွေက အလာကျဲလာသည်၊ အလာကျဲလာရာကနေ နှစ်ရက်တစ်ခါ သဘောမျိုးဖြစ်လာသည်။
•••
harrytofushiguro
4photos
Liked by frankisfreakband 1752 others
harrytofushiguro party kids at chicago xD
View all 320 comments
2 minutes ago[Instagram post ပုံစံမျိုးပါ မရှုပ်သွားကြပါနဲ့နော် xD]
မီးစိမ်းမနေတော့ပေမယ့် post မှာတော့ 2 minutes ago လို့ပေါ်နေတာမလို့ တင်ပြီးပြီးချင်း လိုင်းဆင်းသွားပုံပဲ၊ မနက်တည်းက ပို့ထားတဲ့ သူ့စာကို ဝင်မဖတ်ပဲ ပုံတော့ ရအောင်တင်သွားနိုင်သေးသည်။
Party ဒါမှမဟုတ် bar မှာ ရောက်နေတဲ့ပုံပဲ၊ ပထမပုံကတော့ ဟယ်ရီတစ်ယောက်ထဲ စီးကရက်ကို ခဲထားတဲ့ပုံ၊ နောက်ပုံတွေက ပြသနာသိပ်မရှိပေမယ့် နောက်ဆုံးပုံကတော့ ကောင်မလေးတစ်ယောက်နဲ့ တွဲရိုက်ထားတဲ့ပုံ၊ နှစ်ယောက်ထဲ သီးသန့်တော့ မဟုတ်၊ တခြားသူငယ်ချင်းလူတွေရောရှိသည်၊ ဟယ်ရီက ဝီစကီပုလင်းကိုင်ထားရင်း နှစ်နှစ်ကာကာပြုံးရယ်နေသည်၊ နောက်ထပ်သူနဲ့တူတူရယ်နေတဲ့ သူငယ်ချင်းကောတွေပါပေမယ့် ကောင်မလေးတစ်ယောက်တော့ သူစိတ်အနှောင့်အယှက်ဖြစ်ရလောက်တဲ့အထိ ဟယ်ရီ့နားကပ်နေတာ၊ အရင်တုန်းက ပုံတွေမှာလည်း တွေ့ရပေမယ့် သူဒီတိုင်းကျော်သွားခဲ့မိသည်၊ ဒီပုံမှာတော့ သူစိတ်အနှောင့်အယှက်ဖြစ်ရလောက်တဲ့အထိ ဟယ်ရီက ပြုံးပြနေတာမလို့ပင်၊ အဲ့အပြုံးတွေ အဲ့အကြည့်တွေကို သူတစ်ယောက်တည်း လိုချင်ခဲ့ပေမဲ့ ဟယ်ရီကတော့ သူများတွေနဲ့လည်း မျှဝေနိုင်တယ်ထင်တယ်။
YOU ARE READING
[21+] Burning Desire
RomanceAndrew + Harry ✔️One seme,One Uke ✔️Slightly possessive Seme and weak Uke