♡♡
"မြန်မြန်လာလေ မင်းက၊ နှေးစိနှေးစိနဲ့.."
"မင်းကများ ပြောရတယ်ရှိသေး၊ ဘယ်သူက ဘယ်သူခေါ်လို့လိုက်ရတာတုန်း ဟွန့်!"
နှုတ်ခမ်းတစ်ဖက်တွန့်ကာ ပြောလာတဲ့ကောင်ကို ဟုတ်နေတော့လည်း ဘာမှ ပြန်မပြောလိုက်ဖြစ်တော့ပါဘူး။ခုဆို မိသားစုနှစ်စု သူ့အိမ်ကိုယ့်အိမ်ဝင်ထွက်သွားလာနေကြတဲ့အထိတောင် ရင်းနှီးနေပြီဖြစ်သည်။
သူနဲ့ ကျနော်လည်း အရင်ကမျက်နှာချင်းဆိုင်လိုက်ရင် အပေါက်လမ်းမတည့်တဲ့ဘဝကနေ အခုဆို အနည်းငယ်တော့ အစေးကပ်လာကြပြီလို့ ပြောလိုရသည်။ဒီနေ့ဆိုကြည့်..ပိတ်ရက်မို့ အန်တီDaou(ပို့ မားမား) အိမ်မှာပဲ သားအဖနှစ်ယောက်လုံး နေ့လည်စာသွားစားဖြစ်သည်။
စားပြီးသောက်ပြီးတော့ ကျနော် ဝယ်စရာလေးနည်း"ပါး"ရှိလို့ Mallကိုသွားဖို့ ပြင်နေရင်း အကြံတစ်ခုဝင်လာပြီး အိမ်တွင်းပုန်းလုပ်နေတဲ့ကောင်ကိုပါ တစ်ပါတည်းခေါ်လာလိုက်သည်။"Mile!!"
တွေးတောရှင်းလင်းခန်းဖွင့်နေတုန်း ခေါ်လာတော့ အလန့်တကြားလှည့်ကြည့်မိသည်။
"ဟင်..ဘာလဲ??"
"မင်း ငါ့ကိုပိုက်ဆံနည်းနည်းချေး"
"ငါက မင်းကို!! ဘာလို့ချေးပေးရမှာလဲ??"
"ငါ..ရေခဲမုန့်စားချင်လို့"
ရေခဲမုန့်ဆိုင်ဘက်ကို တန်း"မတ်"လက်ညိုးထိုးပြီး ပြောပြလာတဲ့ကောင်လေးက မသိရင် ကလေးတွေ မုန့်စားချင်လို့ သူတို့မိဘကို ပူဆာနေသလိုပဲ။"အဟမ်း!! ငါက မချေးပေးနိုင်ဘူးဆိုရင်ကော.."
မသိမသာကြိတ်ရီပြီး ချောင်းတစ်ချက်ဟန့်လို့ ရုပ်တည်ကြီးနဲ့ပြောလိုက်တော့ ရှေ့ကကောင်ရဲ့မျက်နှာကြီးက မှောင်မိုက်သွားသည်။