Heehoon ꒰⑅ᵕ༚ᵕ꒱˖♡
Unicode
"ճαճվ αll í աαղԵ բօɾ cհɾísԵตαs ís վօմ"
ယနေ့မှ နှင်းမှ အငြိုးနဲ့ကျနေသယောင်ယောင်ပင်... အေးချမ်းစွာအိပ်ပျော်နေသည်ကို နှောင့်ယှက်လာသောပတ်ဝန်းကျင်မှ အသံများကြောင့် ဆောင်ဟွန်းတစ်ယောက် မထချင်ထချင်ဖြင့် မျက်လုံးအစုံကိုဖြည်းဖြည်းချင်းဖွင့်လိုက်မိသည်။ မျက်လုံးစစဖွင့်ချင်း သူမြင်လိုက်ရတာက သူ့တစ်ကိုယ်လုံးကို ရင်ခွင်ထဲထည့်ထားတဲ့ ရင်အုပ်ကျယ်တစ်ခု သူ့ခါးပေါ်တွင်နေရာယူထားသော လက်တစ်ဖက်၏ အနွေးဓာတ်က နှလုံးသားအထဲထိတိုင် နွေးထွေးနေဆဲ...
သူ့ကိုဖက်လျက် မနိုးလာသေးသော ဟီဆွန်းကို ခိုးကြည့်ရတာကို သူသိပ်သဘောကျပါသည်။ အညိုရောင်ဆံနွယ်တို့ဖြင့် ဆံပင်ခပ်အုပ်အုပ်လေး ၊ လုံးလဲမလုံး အရမ်းလဲမချွန်နေပဲ ကြည့်ကောင်းနေသော နှာခေါင်း... မထူမပါးနှုတ်ခမ်းတစ်စုံဆီ အကြည့်တို့ရောက်မိသော် မနေ့ညက သူ့နှုတ်ခမ်းပေါ်ရွာချခဲ့သော အနမ်းမိုးတို့အား ပြန်တွေးမိရင်း ပါးပြင်နှစ်ဖက်က ခပ်နွေးနွေးလေးဖြစ်လာသည်။တဖြည်းဖြည်းဖြင့် လှုပ်ခတ်လာသော ကိုကို့၏မျက်တောင်လေးတွေကြောင့် ဆောင်ဟွန်း အယောင်ယောင်အမှားမှားဖြင့် မျက်လုံးတို့ကိုပိတ်ကာ အိပ်ချင်ယောင်ဆောင်မိသည်။
ကိုကိုတကယ်ပဲနိုးလာတာတော့သေချာပါသည်... ပြီးတော့ အချိန်အတန်ကြာ အသက်ရှုသံကလွဲ ဘာအသံမှမကြားပဲ တိတ်ဆိတ်နေပြီး အနေရခက်စွာ ပူနွေးလာတဲ့မျက်နှာတစ်ခုလုံးကြောင့် ကိုကိုသူ့ကိုစိုက်ကြည့်နေမှန်း မျက်လုံးဖွင့်မကြည့်ပဲသိလိုက်ရသည်။ မလိမ်တတ်သော ပါးပြင်နှစ်ဖက်ကတော့ အသေအချာပင် ရဲတွတ်နေတော့မည်။ ကိုကို့ဆီမှ ရယ်သံသေးသေးလေးကြားလိုက်ရပြီး ပါးပြင်တစ်ဖက်နွေးနွေးလေးဖြစ်သွားသည်။ ထို့နောက် သူ၏နှုတ်ခမ်းတစ်စုံမှာလဲ ခနတာပူနွေးသွားသဖြင့် ရှက်စိတ်တို့နှင့်အတူ ရင်တွေက တဒုန်းဒုန်းဖြင့် ပိုပြီးခုန်လာသည်။
"နိုးနေရင်လဲ ထတော့လေ ဟွန်းငယ်ရဲ့ ထပ်အနမ်းခံချင်သေးတာလား"
YOU ARE READING
╰•★★ 𝓢𝓸𝓯𝓽 𝓽𝓱𝓸𝓾𝓰𝓱𝓽𝓼 𝓪𝓫𝓸𝓾𝓽 𝓫𝓵𝓾𝓮 𝓼𝓴𝔂 ★★•╯
FanfictionAll of my fav otps from different groups