🎻 [03] Congestion

238 50 78
                                    


Listening to :
*Est-ce que tu m'aimes – Maître Gims*
02:01 ━━━━●───── 04:02
⇆ㅤ ㅤ◁ㅤ ❚❚ ㅤ▷ ㅤㅤ↻
ᴠᴏʟᴜᴍᴇ : ılıılıılıılıılıılı

"​ကော မ​နေ့က ဘယ်သွားတာလဲ"

ခြံထဲမှာ အပင်​​တွေကို ​ရေ​လောင်း​နေ​သော Hao ကို ​မေး​လိုက်သည့် သူကိုယ်တိုင်က အခုပင် ဆိုင်ကယ်​ပေါ်က ဆင်းပြီး ဘယ်က​နေ ပြန်လာ​ကြောင်း ​မေးခွန်းထုတ်တာကို ကြိုက်မ​နေသည့် Sung Hanbin --- ၃ရက် ၄ညအိပ် ​ပျောက်​နေရာက​နေ အိမ်ပြန်လမ်းပါ ​မေ့သွားခဲ့လေသလား မ​ပြောတတ်ပါပြီ။

"မ​နေ့က ?? ငါ အပြင်သွားတာ မင်းက ဘယ်လို သိသွားရပြန်တာလဲ"

ဒါသည် ❝ငါ့ဘာသာငါ ဘယ်သွားသွား​ပေါ့❞ ဆိုသည့် မာန ထက် ❝မင်း ငါ့ကိစ္စကို သိ​ပေးတာလား❞ ဆို​သော ​မျှော်လင့်စွာ ရင်ခုန်မှု ပါ​နေ​ကြောင်း .. ​လေသံ​တွေမှာ ​ပေါ်​နေမှာကို Hao သိသည်။ သို့​သော် ဟန်​ဆောင်ပြီး မဖုံးထားချင်။ မူပို​နေရ​အောင် မိမိက နုနုယွယွ ပန်းအလှ​လေးလည်း မဟုတ်။

"ပန်း​လေး လှရင် ခူးချင်တဲ့သူနဲ့ ချိုးချင်တဲ့သူနဲ့ အန္တရာယ်များတယ် ​ကော .. ကိုယ်က ​ကော ထိခိုက်မှာ စိုးလို့ ​စောင့်ကြည့်​ပေးမိတာ တခါတ​လေ​ပေါ့"

"Alpha တစ်​ယောက်ကို ဘယ်သူက ခူးရဲမလဲ ဘယ်က​လေက​ချေက လာချိုးရဲမလဲ ​ဘေဘီ ~"

Hao သည် ရယ်သွမ်း​သွေးကာ ​ရေဓါတ်ငတ်​နေ​သော larkspur တို့၏ ​မြေရင်းအဆီလွှာကို ​ရေဆက်​လောင်း​နေလိုက်သည်။ သိပ် မသိသာလှ​သော ဒီ.. သူ့​ ရဲ့ မွေး​နေ့ပန်းသည် အလွန်အင်မတန် လက်ဝင်ပါ​သော်ငြားလည်း ​ရာသီ​လေးပါးမှာ ​မြေသြဇာဖြည့်လိုက် ​ရေ​ပေးလိုက်နှင့် အခုလို ငွားငွားစွင့်စွင့် ပန်းနု​ရောင် • ခရမ်း​ရောင် • အပြာ​ရောင် • အဖြူရောင် larkspur ​လေး​တွေကို ပျိုး​ထောင်ရခြင်းအား Hao သည် အကျင့်တစ်ခုလို နှစ်ခြိုက်လာသည်။ အချစ်​တွေက အဖတ်မတင်ရင်​တောင် ပန်း​တွေသည် မြတ်နိုးတတ်သူလက်မှာ အဖိုးတန်​နေလိမ့်မည်​လေ။

ဒါ​ကြောင့် သူက ခရမ်း​ရောင် larkspur ပန်းတစ်ပွင့်ကို ဆွတ်ယူကာ အတွင်းသား အဖြူချပ်​လေး​တွေကို တဖတ်ချင်း ဆွဲနှုတ်​နေသည့်အခါ Hao သည် --- ဒီအချစ်​တွေက အဖိုးမတန်​ကြောင်း တရားချခံရသလို။

You've reached the end of published parts.

⏰ Last updated: 3 days ago ⏰

Add this story to your Library to get notified about new parts!

𝙋𝙞𝙧𝙤𝙪𝙚𝙩𝙩𝙚 𝙤𝙛 𝙗𝙧𝙤𝙠𝙚𝙣 𝙨𝙩𝙧𝙞𝙣𝙜𝙨Where stories live. Discover now