Intro

122 6 0
                                    

Unicode

Iceeland ဟုခေါ်သော နယ်မြေတွင် လူမျိုးစုသုံးမျိုးရှိပေသည်။ လူမျိုးတစ်ခုနှင့် တစ်ခုကြားတွင်လဲ နယ်မြေများခြားနားထားသည်။ "လူမျိုးသုံခု"...လူမျိုးစုသုံခုကတော့ Icelanders ဟုခေါ်ဆိုကြသော လူသားမျိုးနွယ်စုများ၊ ပင်လယ်ရေခဲပြင်များထဲအောက်၌နေထိုင်တတ်ကြသော ရေလူသားမျိုးနွယ်စုများ၊ နောက်ဆုံး မျိုးနွယ်စုကတော့ စင်ကြယ်သန့်ရှင်းခြင်း၊ ချောမောလှပခြင်း၊ ဘုန်းတန်ခိုးကြီးမားဖြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်းစသည့်အချင်းအရာတို့ဖြင့်ပြည့်စုံသော နတ်သူငယ်များပင်ဖြစ်သည်။

လူသားများမျိုးနွယ်စု အရှင်သခင်ဘုရင်မင်းမြတ်Irisသည် ဘုန်တန်ခိုးကြီးမားသလို တရာမျှတမှုတို့ဖြင့် Icelanders များကို အုပ်ချုပ်သည်။ ထို ဘုရင်မင်းမြတ်တွင် အချစ်ရဆုံး ညီငယ်တစ်ပါးလဲရှိပေသည်။ ထိုမင်းသားငယ်၏ ရုပ်အဆင်းအဂ်ါမှာ ယောကျာ်းလေးတစ်ယောက်၏ရုပ်အသွင်ပြင်ဟု ထင်စဖွယ်မရှိလောက်အောင် အလှနတ်ဘုရားတစ်ပါးသဖွယ် လှပတင့်တယ်သည်။ အလှအပတရားတင့်တယ်သမျှ ဓားရေးတင်မက စာပေကျမ်းဂန်များလဲလိုက်စားသောကြောင့် စာပေပညာအဆင့်တန်းမှာ အခြားနိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်ပေသည်။သိုသော် ထိုမင်းသားငယ်သည် Icelander တစ်ဦးမဟုတ်ပါ။ ဘုရင့်ကိုယ်တိုင်မွေးစားထားသော Korean တစ်ယောက်ဖြစ်သည်။ ဖွေးဥသော အသားအရေ၊ မျက်စံညိုညို၊ ကျောပြင်အထိ လိမ်ကွေ့လျောကျနေသော ဆံနွယ်အဖြူများ၊ နှာခေါင်းအထက်မှ မဲ့အနက်လေးတစ်လုံး၊ ကကြီးပုံသဏ္ဌန်နှုတ်ခမ်းသား၊ သွယ်လှနေသောခန္ဓာကိုယ် အချိုးအစားများ၊ လက်ချောင်းရှည်လေးများကပင် မိန်းမသားများသာမက ယောကျာ်သားများကိုပင် မြင်ရုံဖြင့် ဆွဲဆောင်နိုင်သည်မှာအမှန်ပင်ဖြစ်သည်။ထိုအလှလေးကြောင့်ပင် အခြားနိုင်ငံခြားသူ/သားများက Icelandကို ခရီးသွားသဘောဖြင့် မကြာခဏဆိုသလို လာရောက်လည်ပတ်ကြသည်။ထိုအလှလေးသည် နိုင်ငံတော်၏ ကုန်သွယ်ရေးကို အလေးပေးတာဝန်ယူထားသည်။ ထိုသို့ အခြားနိုင်ခြားအဆက်သွယ်ကုန်သွယ်ကူးသန်းမှုများကြောင့် Iceland ၏ ဖွဲ့ဖြ်ိုးတိုးတတ်မှုများမှာ တစ်ရက်ထက်တစ်ရက်တိုးတတ်မှုရှိလာသည်။

Icelander KimWhere stories live. Discover now