Uni🍀
In Iceland - ( 1938 )
တဖွဲဖွဲကျနေသာ နှင်းစက်လေးများ၊ နှင်များဖြင့်ဖုံလွှမ်းနေသော တောင်တန်းဖြူဖြူများ၊ နှင်းစက်များထဲမှ တခါတရံရောပါလာတတ်သော မိုးစက်ကလေးများဖြင့် ပတ်ဝန်းကျင်၌ အဖြူဟုတင်စားကြသော အရောင်လေးလွှမ်းမိုးနေသည်။ ထိုဝန်းကျင်၌ အဖြူရောင်အရိပ်သုံးခုပြေးလွှားနေသည်။ နှစ်ခုကတော့ နှင််းဖြူဖြူများ၌ နေထိုင်တတ်သော snow wolf နှစ်ကောင်ဖြစ်သည်။ တစ်ခုကတော့...
“Alpine နဲ့ Luna ပြန်လာကြစမ်း ဆော့နေတာတော်ကြတော့"
“.......”
“ပြောလေဆိုးလေပဲ မင်းတို့နှစ်ကောင်ကို ငါ့အကိုတော် အရှင်နဲ့တိုင်ပြီး အပြစ်ပေးခိုင်းရမလားပြော"
“....."
“အဟက် ဒါကျကြောက်ကြသကိုး အမြန်လာကြ နန်းတော်ပြန်ရမယ်"
ထိုအဖြူအရိပ်လေးသုံခု တဖြည်းဖြည်းဖြင့် နှင်းတောထဲမှ ပျောက်ကွယ်သွားသည်။ ထိုကျန်အဖြူရောင်လေးကတော့ လူသားတစ်ယောက်၊ တနည်းအားဖြင့် Iceland ဘုရင်ရဲ့ အချစ်တော်မင်းသားတစ်ပါးဖြစ်သည်။ သို့သော် ထိုအဖြူလူသားလေးမှာ Icelander တစ်ယောက်မဟုတ်ပါ။ Korean တစ်ယောက်ဖြစ်သည်။ ထိုသို့ဆိုလျှင် မေးစရာအချို့ရှိပါလိမ့်မည်။ “ဘယ်လိုဖြစ်ပြီး ဘုရင်မင်းမြတ်ရဲ့ ညီတော်က က်ိုရီးယားလူမျိုးဖြစ်နေရပါသနည်း။" “ဘာကြောင့် Iceland မှာရှိနေရပါသနည်း" စသည့်အမေးများရှိပေလိမ့်မည်။
~~~~~~~
Iceland palace
“အရှင် အခေါ်တော်လွှတ်လိုက်လို့ဆို ဘာအကြောင်းအရာများလဲ"
“နှင်းတောထဲသွားသပ့ဆို Tae Hyung"
“....."
“ဟုတ်သလား ကိုယ်တော်မေးနေတာဖြေလေကွာ"
“ဟုတ်ပါတယ် အကိုတော်"
“အဘယ်ကြောင့် တစ်ယောက်ထဲသွားရသလဲ ညီတော်။ အဖော်မခေါ်ချင်သပ့ဆိုရင်တောင် ကိုယ်ရံတော်Kimကို ခေါ်ဆောင်သွားသင့်တယ်။ ညီတော်ဒီလိုတယောက်ထဲလျှောက်သွားနေမှတော့ ကိုယ့်တော့်လူယုံတစ်ယောက်လုံး ပေးထားတာ အလကားဖြစ်သွားသပ့ပေါ့ကွာ ဟုတ်သလား Tae Hyung"