ပုဇွန်ဆီရောင်သန်းနေတဲ့ညနေခင်း
အိမ်အပြန်ကမြေနီလမ်းလေး၏ဘေးတွင်တစ်စတစ်စပေါက်ရောက်နေတဲ့
October ရဲ့Marigoldတွေအင်း...လိုက်ဖက်မှုတစ်စုံထက်ပိုသည်
လူအိမ်ခြေနည်းပြီးတောင်ကုန်းတွေများတဲ့YORKမြို့၏တစ်ထောင့်တစ်နေရာ
ခြံခတ်ထားတဲ့အဖြူစွတ်ရောင်နှစ်ထပ်အိမ်လေးတစ်လုံးကနွေးထွေးသောအငွေ့အသက်ရစ်ပတ်ထားလို့နေသည်
ထိုခြံရှေ့၌Coupeတစ်စင်းကရပ်တန့်ကာဟွန်းတီးလိုက်သည်
"လာပြီမူရာ!"
ကားသံကြားသည်နှင့်ဘယ်သူဆိုတာတန်းသိသောကောင်လေး
ခြံအနောက်ဘက်ရှိနှင်းဆီခင်းကိုရေလောင်းနေသောအနှီရှင်မ်းမျိူးရိုးကောင်ကလေးကသုတ်သုတ်နှင့်ခြံရှေ့ပြေးလာပြီးတံခါးဖွင့်သည်
ကော့တတ်သွားသောနှုတ်ခမ်းထောင့်စွန်းကပန်းချီဆရာတစ်ယောက်ရေးခြယ်ထားတဲ့အနုပညာလေးလို
ဗနီလာနံ့သင်းသင်းကထိုကောင်လေး၏ကိုလွှမ်းခြုံလို့နေ၏
"ရှင်မ်းရယ်လွမ်းနေတာ...ကိုယ်ဖုန်းဆက်ထားသေးတယ်။ပြီးေတာ့ရှင်မ်းအတွက်ကိုယ်လက်ဆောင်လေးတစ်ခုပါလာတယ်"
အသက်၂၅နှစ်အရွယ်ရှေ့နေနီရှီမူရာကသူ၏ရှင်မ်းကိုမတွေ့ရတာပင်တစ်ပတ်ကျော်နေပြီဖြစ်သည်
အလုပ်ကြောင့်Londonကိုခရီးသွားနေရတဲ့မူရာကမေပယ်ကောင်လေးရဲ့နှုတ်ခမ်းထောင့်ကိုခပ်ဖွဖွအနမ်းခြွေနေသည်ကိုတော့တောင်တန်းတွေ၊ပန်းတွေ၊သစ်ပင်တွေကမမြင်ချင်ယောင်ဆောင်နေမှာအတိ
"ဟီးဟီးငါအေနာက်မှာေရေလာင်းေနလို့...ငါလဲမူရာ့ကိုအများကြီးလွမ်းနေတာသိလား"
မူရာ့၏ရင်ဘတ်ကိုခေါင်းလေးဖြင့်တိုက်ကာပြောသောမေပယ်ရွက်ငယ်လေးကဆောင်းဦးမှာတောင်နွေးထွေးနေသည်
အရပ်ကွာခြားမှုကြောင့်ရှင်မ်းကမူရာ့အနားရောက်ရင်သေးငယ်သွားတဲ့မေပယ်လေးလို
"ကိုယ့်ရဲ့ရှင်မ်းက၀မ်းနည်းနေတာပေါ့...အဲ့တာကြောင့်လေကိုယ်ကလက်ဆောင်လေးတစ်ခုပါလာတယ်ရှင်မ်း"