🍂

12 2 0
                                    

ပုဇွန်ဆီရောင်သန်းနေတဲ့ညနေခင်း
အိမ်အပြန်ကမြေနီလမ်းလေး၏ဘေးတွင်တစ်စတစ်စပေါက်ရောက်နေတဲ့
October ရဲ့Marigoldတွေ

အင်း...လိုက်ဖက်မှုတစ်စုံထက်ပိုသည်

လူအိမ်ခြေနည်းပြီးတောင်ကုန်းတွေများတဲ့YORKမြို့၏တစ်ထောင့်တစ်နေရာ

ခြံခတ်ထားတဲ့အဖြူစွတ်ရောင်နှစ်ထပ်အိမ်လေးတစ်လုံးကနွေးထွေးသောအငွေ့အသက်ရစ်ပတ်ထားလို့နေသည်

ထိုခြံရှေ့၌Coupeတစ်စင်းကရပ်တန့်ကာဟွန်းတီးလိုက်သည်

"လာပြီမူရာ!"

ကားသံကြားသည်နှင့်ဘယ်သူဆိုတာတန်းသိသောကောင်လေး

ခြံအနောက်ဘက်ရှိနှင်းဆီခင်းကိုရေလောင်းနေသောအနှီရှင်မ်းမျိူးရိုးကောင်ကလေးကသုတ်သုတ်နှင့်ခြံရှေ့ပြေးလာပြီးတံခါးဖွင့်သည်

ကော့တတ်သွားသောနှုတ်ခမ်းထောင့်စွန်းကပန်းချီဆရာတစ်ယောက်ရေးခြယ်ထားတဲ့အနုပညာလေးလို

ဗနီလာနံ့သင်းသင်းကထိုကောင်လေး၏ကိုလွှမ်းခြုံလို့နေ၏





"ရှင်မ်းရယ်လွမ်းနေတာ...ကိုယ်ဖုန်းဆက်ထားသေးတယ်။ပြီး‌ေတာ့ရှင်မ်းအတွက်ကိုယ်လက်ဆောင်လေးတစ်ခုပါလာတယ်"

အသက်၂၅နှစ်အရွယ်ရှေ့နေနီရှီမူရာကသူ၏ရှင်မ်းကိုမတွေ့ရတာပင်တစ်ပတ်ကျော်နေပြီဖြစ်သည်

အလုပ်ကြောင့်Londonကိုခရီးသွားနေရတဲ့မူရာကမေပယ်ကောင်လေးရဲ့နှုတ်ခမ်းထောင့်ကိုခပ်ဖွဖွအနမ်းခြွေနေသည်ကိုတော့တောင်တန်းတွေ၊ပန်းတွေ၊သစ်ပင်တွေကမမြင်ချင်ယောင်ဆောင်နေမှာအတိ

"ဟီးဟီးငါအ‌ေနာက်မှာ‌‌ေရ‌ေလာင်း‌ေနလို့...ငါလဲမူရာ့ကိုအများကြီးလွမ်းနေတာသိလား"

မူရာ့၏ရင်ဘတ်ကိုခေါင်းလေးဖြင့်တိုက်ကာပြောသောမေပယ်ရွက်ငယ်လေးကဆောင်းဦးမှာတောင်နွေးထွေးနေသည်

အရပ်ကွာခြားမှုကြောင့်ရှင်မ်းကမူရာ့အနားရောက်ရင်သေးငယ်သွားတဲ့မေပယ်လေးလို

"ကိုယ့်ရဲ့ရှင်မ်းက၀မ်းနည်းနေတာပေါ့...အဲ့တာကြောင့်လေကိုယ်ကလက်ဆောင်လေးတစ်ခုပါလာတယ်ရှင်မ်း"

 PAINTING OF OCTOBER Where stories live. Discover now