TF entertainment..
တရုတ်ပြည်ရဲ့ လတ်တလော အောင်မြင်နေတဲ့အဖွဲ့ကတော့ မကြာသေးမီက debut တော့မည့် TF family 3rd group ပဲဖြစ်သည်။fanတွေကလည်း ကိုယ်standသည့် idol ပါစေရန်voteများ၊ promotion များဖြင့် supporting လုပ်နေကြပြီ။ only stand fan, group fan , CP fan များကလည်း fan side အလိုက်အလုပ်များကြလေသည်။
ထိုအချိန် company တွင် CEO ဖြစ်သူ Lefei က third generation group ကိုခေါ်ကာ ရှေ့တစ်လတွင် ကျင်းပမည့် concert အတွက် အကြံဉာဏ်များယူကာ ဆွေးနွေးနေသည်။
နှစ်နာရီကြာဆွေးနွေးပြီးသော် နားနေခန်းတွင် zuohang က
"အားး..ညောင်းလိုက်တာကွာ meeting ခန်းထဲမှာထိုင်တာ ခါးကျိုးတော့မယ်""မင်းတစ်ယောက်တည်း မဟုတ်ပါဘူး ငါတို့လည်း တူတူပါပဲ"ဟု suxinhao မှပြန်လည်ချေပလိုက်သည်။
"Ji er ငါတို့ အကသွားလေ့ကျင့်ရအောင်" ဟု zhuzhixin ကzhangjiအားခေါ်လိုက်သည်။
"အိုက်ရားး ညောင်းတယ်လို့ မသွားချင်သေးဘူး ခဏနေမှလေနော်"
"မင်းမလိုက်ရင် ငါတစ်ယောက်တည်းသွားမယ်" ပြောကာထထွက်သွားလေသည်။
ကျန်ခဲ့သည့်zhangji ကတော့ မျက်နှာမကောင်းတော့ ။
"Zhuzhixin တစ်ယောက်ဘာဖြစ်နေမှန်းမသိဘူး ဒီရက်ပိုင်းစိတ်တအားဆတ်နေတယ်"
"ဖိအားတစ်အားများနေလို့ထင်တယ် wen ge လည်း ပြန်လာတယ်ဆို"
"ဟိတ် မင်းတို့နှစ်ယောက် ...."ဟု Muzhicheng က စကားပြောနေသော yuyuhan နှင့် suxinhao အား မျက်နှာအရိပ်ကဲပြပြီး သတိပေးလိုက်တော့ နှစ်ယောက်သား Zhang Ji ကို လှည့်ကြည့်ကြလေသည်။
Zhang Ji က
"ငါအခန်းထဲမှာသွားနားလိုက်ဦးမယ်" ပြောပြီးထွက်သွားလေသည်။ကျန်ခဲ့သည့်သူများကတော့ yuyuhan နှင့် suxinhao အား ဝိုင်းပြောကြတော့သည်။
"ငါတို့တကယ် မရည်ရွယ်ဘူး တကယ် Zhang Ji စိတ်မကောင်းဖြစ်သွားတယ်ထင်တယ်"
"မထင်နဲ့ တကယ်ဖြစ်သွားတာ"
"အချိန်က 3 နှစ်တောင်ရှိနေပြီကို မမေ့နိုင်သေးတာ ခက်တယ်ကွ"
အချင်းချင်းပြောနေကြရင်း။
Zhang Ji သူတို့ကို အပြစ်မမြင်ပါ။ zhuzhixin ဒီရက်ပိုင်း ဒီလိုဖြစ်နေတာ သူလည်းရိပ်မိပါသည်။ မသိချင်ယောင်ဆောင်ခဲ့ခြင်းသာ။
YOU ARE READING
All about you
Fanfictionကိုယ်တိုင်မသိခင်လေးမှာပဲ အနားမှာ အမြဲရှိနေပေးတဲ့ သူ့ ကို ချစ်မိနေပြီတဲ့။အရာအားလုံးက ဒီလိုပါပဲ ဆုံးရှုံးခါနီးမှ တန်ဖိုးထားတတ်ကြတယ်မဟုတ်လား။