Part-8

257 24 2
                                    

Uni_

ဆုရရှိပြီးသည့်နောက်ပိုင်း ရှောင်းကျန့်ရဲ့ အောင်မြင်မှုဂုဏ်သတင်းနှင့် အဆင့်အတန်းဂုဏ်ဒြပ်က ပို၍ကျော်စောမြင့်မားလာသည်။ကမ်းလှမ်းလာသည့် အလုပ်များကလက်မလည်နိုင်အောင်ပင်။လုပ်လက်စတွေကို ခပ်မြန်မြန်လက်စသတ်နေရသည်။နောက်ထပ်လက်ခံထားသည့် အလုပ်များကိုလည်း နှောင့်နှေး၍မရ။

တစ်နေ့တစ်နေ့ အိမ်ရှိရုံးခန်းလေးထဲ တကုတ်ကုတ်နှင့်အလုပ်ရှုပ်နေသည်ကြောင့် ကြာလာလျှင်ကျန်းမာရေးထိမည်စိုးရသည်။ဝမ်ရိပေါ်မှာ ပင့်သက်တမမဖြင့် ရှောင်းကျန့်ကိုအနားယူဖို့ မနည်းပြောယူရသည်။ရှောင်းကျန့်ဆိုသည်မှာ ဤအတိုင်းပင်။အလုပ်စွဲလွန်းအားကြီးသည်။တစ်ခါတစ်ခါ အိပ်မက်ယောင်ရင်း ဇာတ်ညွှန်းအကြောင်းအရာတွေကို ရေရွတ်နေတတ်သေးသည်။

“ဘေဘီအလုပ်တွေချည်းပဲ ဖိလုပ်မနေနဲ့ဦးနော်၊‌ကိုယ်ညနေစောစောပြန်ခဲ့မယ်”

“အွန်း ၊သိပါပြီကျူရန်”

အလုပ်သွားခါနီး မဖြစ်မနေမှာခဲ့ရသေးသည်။သို့ပေမဲ့ အလုပ်သရဲလေးက ရှေ့မှာခေါင်းညိတ်လည်း နောက်ကွယ်မှာ အလုပ်ချည်းဖိလုပ်နေဦးမှာ သိနှင့်ပြီးသား။အလွန်အကျွံ့မဖြစ်စေရန် အချိန်မှန်စားသောက်ဖို့ရာ အိမ်တော်ထိန်းကိုသာ ကြပ်ကြပ်မတ်မတ်မှာကြားခဲ့ရသည်။

‘ကျူရန်အတွက် အားဆေးလေး’ဟုဆိုလျက်

ခြေဖျားလေးထောက်ကာ အလိုက်တသိအနမ်းလေးပေးလာတော့လည်း ပျော်ရပြန်သည်။လိမ္မာချင်ယောင်ဆောင်နေသည့် အဆိုးအဆာလေးရဲ့ပါးကို အသည်းယားစွာ တနင့်တပိုး မွှေးကြူနမ်းရှိုက်ပစ်လိုက်သည်။

ဝမ်ရိပေါ်ရဲ့ အရိပ်ယောင်ပျောက်သွားသည်နှင့် ရှောင်းကျန့်အပေါ်ထပ်သို့ပြန်တက်ကာ အလုပ်စဖို့ပြင်သည်။မကြာလိုက်သည့်အချိန်အတွင်း လက်ထောက်ဖြစ်သူကလည်း ရောက်ရှိလာသည်။ဤလက်ထောက်လေးက ယခင်တုန်းကရှောင်းကျန့်

အလုပ်လုပ်ခဲ့သည့် ကုမ္ပဏီမှ လုပ်ဖော်ကိုင်ဖက်ဖြစ်သည်။ရှောင်းကျန့်ထက် အလုပ်ဝင်ကာလနောက်ကျသလို အသက်အရွယ်အားဖြင့်ရှောင်းကျန့်ထက်နှစ်နှစ်ငယ်သည်။ရှောင်းကျန့် ကုမ္ပဏီမှထွက်ပြီးနောက် လက်ထောက်သည်လည်း ထိုကုမ္ပဏီမှထွက်ခဲ့သည်။အကြောင်းတိုက်ဆိုင်စွာဖြင့် ပြန်တွေ့ကြရင်း ရှောင်းကျန့်က ထိုသူ့ကိုကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။အနည်းငယ်တုံးအပေမဲ့လည်း ရိုးသားကြိုးစားကာ ပွင့်လင်းသည့် လက်ထောက်ဖြစ်သူကို ရှောင်းကျန့်သဘောကျပါ၏။

 Zhǔ Rén ( Master )Where stories live. Discover now