My first and last ❣️

318 30 8
                                    

"ဒီမှာ ကိုကို ကျွန်တော် ကိုကို့ကို ချစ်တယ်"

"‌Phu sry ကိုကိုက မင်းကို ကိုယ့်သူငယ်ချင်း ညီတစ်ယောက်ထပ်မပိုဘူး မင်းအထင်မှားစေခဲ့ရင် ဆောရီး"

အငြင်းခံလိုက်ရလို့ ငိုက်စိုက်ကျနေတဲ့ ခေါင်းနဲ့ အိမ်ကိုပြန်လာပြီး ခုံပေါ်မှာတင်ထားတဲ့ စာအုပ်တွေကို စကိုင်ကာ စာတွေပြန်လုပ်လိုက်တယ်။

"ဟေး Phu တစ်ခုခုစားမလား" အခန်းရှေ့ကနေ ကိုကြီးက တစ်ခုခုစားမလားဆိုပြီး လာခေါ်ရှာတယ် ကိုကြီးသူငယ်ချင်းက ကျွန်တော့်နှလုံးသား နုနုနယ်နယ်လေးကို ငြင်းလိုက်မှတော့ ဘယ်စားဝင်ပါ့မလဲ ကိုကြီးရယ်။

"မစားချင်သေးဘူး စာတွေလုပ်ရအုံးမယ် ဟိုကျောင်းသွားရင် ဘာသာစကားရော စာတွေရောက ခက်အုံးမှာလေ"

"တကယ် ပါးပါးဆန္ဒအတိုင်း လုပ်တော့မှာလား"

"ကိုကြီး ဒါ ပါးပါးနဲ့ ကျွန်တော်နဲ့ကြားကကတိပဲ ကျွန်တော်ပြောပြီးသား ကိုကိုက ကျွန်တော်အပေါ်ခံစားချက်ရှိရင် ကျွန်တော် ပညာတော်သင်မသွားဘူး သူမရှိရင် ပါးပါးသဘောလို့"

"အာ့တော့ "

"ညီလိုပဲတဲ့ မပိုဘူးတဲ့ "

"ပြောလိုက်သေးလား ကျောင်းကိစ္စ"

"မပြောဘူး သနားချစ်တွေ မလိုချင်ဘူး"

ခေါင်းမာလွန်းတဲ့ သူငယ်ချင်းနဲ့ ခေါင်းမာလွန်းတဲ့ ညီကြောင့် Forceတစ်ယောက် ခေါင်းတွေခါမိသည်။တစ်ယောက်ကလဲ Nongက ဆယ့်ခုနစ်နှစ်မို့ စိတ်ကစားတာနဲ့ တစ်ယောက်ကလဲ သူမချစ်ရင် နိုင်ငံခြားပညာတော်သင် အိမ်ကသဘောအတိုင်းသွားမှာနဲ့ ခေါင်းတွေဆွဲပြီး ပေးစားသာပေးစားလိုက်ချင်တော့တယ်။

ချစ်နေပါရက်နဲ့ ခွဲကြရမယ့် အတွဲတွေကိုကြည့်ရင်း သက်ပြင်းချကာ အခန်းထဲကနေ ပြန်ထွက်လာလိုက်တယ် နှစ်ယောက်လုံးအတွက် အချိန်မတန်သေးလို့နေမှာပါ အချိန်တန်ရင် နှစ်ယောက်လုံး ခံစားချက်အတိုင်း ပေါင်းဖက်နိုင်ကြမှာလို့ပဲ တွေးရတော့သည်။ကျောက်ခဲဦးနှောက်တွေက ကံကြမ္မာအကူအညီမပါဘဲ ဒီတစ်သက်ညားနိုင်မယ်မထင်။

One Shots (PondPhuwin)Where stories live. Discover now