အပိုင်း၃

47 1 0
                                    

နေ့ပူလို့ ညချမ်း တပေါင်းလဆန်းလဲကျော်လွန်၍ လပြည့်နေ့မှာ တပေါင်းဆိုတဲ့နွေဦးကာလက ဇာတိပြပြီး ပူပြီးအိုက်စပ်နေလေပြီး။

ရာသီဥတုပူ၍ ရွာထဲမှာလူကြီးရောကလေးရောမအိပ်ကြသေးဘဲ ကိုယ့်အိမ်ဝိုင်းတွေထဲမှာ လူကြီးတွေကစကားပြောကြကလေးတွေကတော့ ထုံးစံအတိုင်းဘယ်လောက်ပူပူဆော့နေကြသည်။

စိန်ပန်းနီနီ နဲသာကျော်လဲ ပန်ဆုံတို့အိမ်ဘက်သို့ထွက်လာခဲ့သည်။

ဒီချိန်ဆို သေချာပေါက် အေးဘုံလဲ ပန်းဆုံတို့အိမ်သို့ရောက်နေမှာ ဆိုတာသိနေလေသည်။

ပန်းဆုံတို့အိမ်က ရွာလယ်ပိုင်လောက်ဆိုတော့ လမ်းကလဲသာ ရွာလယ်က တစ်ရွာလုံးက သောက်ရေသုံးရေ သုံးကြတဲ့ ဟို...ရှေးကတဲ့ကရှိခဲ့တဲ့ရေတွင်းရှိသည်။

ရာသီဥတုသာယာပြီး အခုလိုမိုးလေကင်းတဲ့ညတွေဆို ကာလသားမ်ာက ရေတွင်းဘောင်ပေါ်သို့လာထိုင်ကြရင်း ဖြတ်သွားဖြတ်လာ ပျိုမေများကိုငမ်းရင်း စကြနောက်ကြနဲ့ ဒီလိုညမျိုဆို အတော်ပျော်စရာကောင်းလေသည်။

စိန်ပန်းနီနီနဲ့သာကျော်လဲ ပန်းဆုံအိမ်အသွားရေတွင်းနားရောက်တော့။

ဟေ့ကောင်တွေ စိန်ပန်းနီနီနဲ့သာကျော်

ရေတွင်း နားကနေဖိုးထွေးလှမ်းခေါ်သံကြားတော့

အေးဘာလဲ ဖိုးထွေး

မင်းတို့ဘယ်သွားမလို့တုန်း

ပန်းဆုံအိမ်သွားမလို့

လာစမ်းပါကွာ ငါတို့နဲ့ လာထိုင် ဒီမှာငါတို့သုံးယောက်ထဲရှိသေးလို့။

မင်းကသုံးယောက်ကိုလူနည်းနေသေးတာပေါ့။

သာကျော်ပြောလိုက်တော့ ဖိုးထောင်က နည်းတာပေါ့ကွခါတိုင်းလာတဲကောင်တွေကလဲ ဒီနေ့မလာကြဘူးကွ။

လာဘာကွာမင်းတို့ကလဲ ခဏေန ဟိုကောင်းတွေ မင်းနေညိုနဲ့စန်းမောင်လဲ လာမယ်ပြောတယ်။

အေးလေ မင်းတို့ကလဲ သူတို့နှစ်ယောက်ရောလာမှာဆိုမင်းတို့ဘယ်မှာလူနည်းလို့လဲ။

ငါတို့ကပန်းဆုံအိမ်သွားမလို့ပါဆို။

စိန်ပန်းနီနီက ပြောလိုက်တော့

စိန်ပန်းနီနီWhere stories live. Discover now