Part-5

838 74 22
                                    

"အမဲစေးတင်လာတဲ့ကားတွေ အကုန်လုံး ဖမ်းမိသွားတယ် Boss"

ထိုသတင်ကြားရတော့ သတင်းလာပေးသည့် လူရဲ့ လည်စကိုဆွဲပြီး သူ့ခါးကြားက ဓားမြှောင်ကိုထုတ်ယူကာ လည်ချောင်းတည့်တည့်အားစိုက်ချလိုက်သည်။ ထိုလူက အစ်ခနဲ အသံတစ်ချက်သာထွက်နိုင်ပြီး သူ့ခြေရင်း၌ လှဲကျသွား၏။ ဓားခုတ်ကောင်ကတော့ သူ့ကို လက်သုတ်ပါဝါလှမ်းပေးပြီး လှဲကျနေသည့်အလောင်းကို အပြင်သို့ တရွတ်တိုက်ဆွဲထုတ်သွားသည်။

စီးပွားရေးအခြေအနေက ကံဆိုးစွာအဖျက်သမားများသောကြောင့် သူ့စိတ်တွေမကြည်ပါ။ ဒီလိုအချိန်မျိုးဆိုလျှင် သူ့အနားခစားကြဖို့ ဝန်လေးကြ၏။ အခန့်မသင့်လျှင် စောစောကလူလိုမျိုး ဘဝတုန်းသွားတတ်သည်။ သူကတော့ သွေးစပေနေသည့်လက်ဖြင့် စီးကရက်တစ်လိပ်ကိုဆွဲယူကာ ပါးစပ်တွင်တေ့ကာ မီးငြိဖွာရှိုက်လိုက်သည်။ ပြီးမှ သွေးစများကိုကြည့်ပြီး သုတ်ပစ်လိုက်၏။

"ဒိန်းမန်းတို့အဖွဲ့ အပြင်မှာရောက်လာကြပြီ Boss"

စီးကရက်တစ်လိပ်စာ ကုန်သွားတော့ ဓားခုတ်ကောင်က သူ့ရဲ့ညာဖက်တွင်ရပ်ပြီး အနားကပ်ကာပြောသည်။ စီးကရက်တိုကိုကြမ်းပြင်တွင်ပစ်ချပြီး ခြေဖြင့်နင်းခြေပစ်၏။ ထိုအချိန်တွင်ဘဲ ဒိန်းမန်းခေါ် မှောင်ခိုဂိုဏ်းတစ်စုက ဖုန်များပြည့်နေသည့် ဂိုဒေါင်ထဲဝင်လာကြသည်။

ဒီနေရာက သစ်ပင်များထူထပ်သည့်တောအုပ်ထဲတွင်မို့ တိတ်ဆိတ်ကာ အရောင်းအဝယ်လုပ်ရန် ဂိုဒေါင်တစ်ခုရှိသည်။ သူနှင့် တခြားနိုင်ငံက ဂိုဏ်းနှင့် ဒီနေရာမှာပဲ အရောင်းအဝယ်ပြုနေကျပင်။

"နိဟောင်..."

တရုတ်လူမျိုးဖြစ်သည့် ဒိန်းမန်းက သူ့ကိုမြင်သည်နှင့် သူရဲ့ပြည့်ဖောင်းနေသည့်ပါးကို မို့တက်အောင်ပြုံးကာ နူတ်ဆက်သည်။ သူကတော့ ထိုင်ရာကမထဘဲ အရှေ့ကခုံတွင်ထိုင်ဖို့ မေးဆက်ပြ၏။ အခုလည်း ဒိန်းမန်းက သူလိုချင်သည့် ပရီမီယမ်အဆင့်အဖြူမှုန့်ကို ၅၀၀လိုသည်ဟုဆိုသည်။

"ငါ့မှာအခု ၃၀၀ပဲရှိတယ်"

"နောရင်း...ဒီစျေးနဲ့မို့ ဝ ကို၃၀၀ပဲရှိတယ်လို့ပြောတာမလား။ ဝ ၃ဆပိုပေးပါ့မယ်"

Breaking Down Where stories live. Discover now