ကြယ်

6 0 0
                                    

Unicode

" ကြယ် "

ကျွန်မဟာ အိမ်မက်နိုင်ငံရဲ့ တစ်နေရာမှာ
တည်ရှိနေတဲ့ ကြယ်လေး တစ်ပွင့်ပေါ့။

ကျွန်မမှာ အိမ်မက်တွေ စိတ်ကူးယဉ်မှုတွေ
လှပတဲ့ အနာဂတ်တွေ ရူးသွပ်စရာကောင်းလောက်အောင် ပျော်ရွှင်စေမယ့် အရာတွေ ရှိလာမယ်ဆိုပြီး အမြဲ တွေးနေမိခဲ့တဲ့ ကြယ်လေးတစ်ပွင့်ပေါ့။

ကျွန်မ လွတ်လပ်စွာ လှည့်ပတ်ရတော့မည့်အချိန်
ကျွန်မတို့ ကြယ်အစုအဝေးကြီးသာမက စကြဝဠာတစ်ခုလုံးကို အချိန် အတော်အတန်ကြာအောင် မလှုပ်နိုင်ဖြစ်ခဲ့ရတာပေါ့ရှင်။

ကျွန်မတို့ ကြယ်အစုအဝေးသေးသေးလေးကတော့ အဲ့ဒဏ်ကို အလူးအလဲ ခံရခဲ့တာပေါ့ရှင်။

အချိန်တစ်ခုရောက်လာ‌ခဲ့ပါတယ်။
ရပ်တန့်သွားပြီ ထင်ခဲ့ပင်မယ့်
စကြာဝဠာကြီး တစ်ခုလုံး အေးချမ်းသွားပြီ ထင်ခဲ့ပင်မယ့် ကျွန်မတို့ ကြယ်အစုအဝေးလေးဟာ
ကြီးမားတဲ့ လှည့်စားမှုဒဏ်ကို ခံစားရပြန်တာပေါ့ရှင်။

အဲ့လှည့်စားမှုကနေ ကျွန်မရဲ့ မျှော်လင့်ချက် ရောင်ခြည်လေး ကျဆင်းမှေးမှိန်နေတော့တာပါပဲရှင်။

ကျွန်မ ထင်နေခဲ့တာ ၊ မှေးမှိန်နေတာဟာ ကျွန်မပဲလား ၊ကျွန်မပဲ ခံစားနေရခြင်းလားပေါ့ ။

မတူညီတဲ့ ရှူ့ထောင်ကနေ ကြည့်ရင်
အိမ်မက်နိုင်ငံရဲ့ ကောင်းကင်မှာရှိတဲ့
ကြယ်လေးတွေ အကုန် မှေးမှိန်နေရတာကို
မြင်ရမှာပေါ့ရှင်။

မြင်နေခဲ့ရလျှင်တောင် စကြဝဠာကြီးဟာ
အမှုန်အခဲလေးပါပဲဆိုပြီး လျစ်လျှူဆက်ရှူနေအုံးမှာပါပဲရှင်။
Cloud Panche
8.10.2024

 ငါဟာ သူများကဲ့သို့Where stories live. Discover now