<2 [U]

43 4 0
                                        

At afternoon

သူမသားလေးအတွက် သူမ
ဆုံဖြတ်ချက်ချရတော့မည်ဖြစ်သည်။သူမရဲ့သားလေးကို
သူမရဲ့မောင်လေးထံပို့လိုက်ဖို့သာရှိတော့သည်။

မောင်လေးနှင့်သူမသည် မိဘများ​ကြောင့်ဝေးခဲ့ကြပေမဲ့
သူမနှင့်အဆက်အသွယ်မပြတ်ခဲ့ပါ။မောင်လေးကိုလည်း
သူမရဲ့အခက်အခဲတွေကိုမပြောပြရက်ခဲ့ပေ။

မိဘများကြောင့်သူတို့​ မောင်နှမ​တွေပင်ပန်းရတာအတော်
များလှသည်။ ထို့ကြောင့်လည်းမောင်လေးကိုအားနာမိ
သည်။အခုတော့မဖြစ်မနေအကူအညီတောင်းရတော့မည်။

ထို့ကြောင့်သားလေးကိုခေါ်ကာ...

"သားလေး...ရော့...ဒီလိပ်စာကိုယူပြီး Omma​မောင်
သားဦးလေး Suho ​အိမ်ကို ရှာပြီးတော့သူ့ဆီမှာခိုလှုံခွင့်
တောင်းနော်...သူကသားလေးကိုကူညီပါလိမ့်မယ်
ဒီလည်ဆွဲကိုလည်ပင်းမှာဆွဲထား မပျောက်စေနဲ့နော်"

မျက်ရည်မကျအောင် တင်းခံရင်း သားလေးကို
ရင်နာနာနဲ့ ပြောနေမိသည်။

"ဟင့်အင်း...ni ni မသွားဘူး...Ommaနားမှာပဲ့နေမှာ
*sob*သွားဘူးနော်"

ငို၍ပြောနေသောသားဖြစ်သူကိုကြည့်ရင်း
သူမရင်တွေ ကွဲရပါသည်။ သူမအခုလိုမလုပ်ရင်
သူမသားလေးအတွက်အန္တရာယ်ရှိမည်မဟုတ်လား??။
သူမစိတ်မချပေမယ့်လည်း ဒီမှာရှိနေတာကိုက ပိုပြီး
အန္တရာယ်များတယ်လေ။

"မသွားလို့မရဘူးနော်...ကင်မ်မြောင်အီက
သားလေးကိုလွှတ်ပေးမှာမဟုတ်ဘူး...သားလေး
ပိုင်တဲ့ဟာတွေကိုမရရင်လေသားလေးကိုသတ်လိမ့်မယ်"

"အီး...ဟင့်အင်း...မေမေ မပါဘဲမသွားဘူး"

ရှိုက်ကြီးတငင်ငိုနေတဲ့ သားလေးကို နားဝင်အောင်
ချော့ပြောမိသည်။

"လိမ္မာပါတယ်သားရယ် ...သွားတော့နော်...
ကင်မ်မြောင်အီရဲ့လူတွေမလာခင်..Omma ကြည့်လုပ်
လိုက်မှာမို့"

အချိန်တစ်ခုအထိ​ချော့ပြောလိုက်တော့မှ
သားလေးက လက်မခံခြင်းဘဲ လက်ခံလိုက်သည်။
ပြီးတော့ ချစ်ဖို့ကောင်းစွာ ကတိလေးတစ်ခု
ပေးနေသေးသည်။

°.HEALER.° {completed}Where stories live. Discover now