<3 [U]

33 4 0
                                        

At Night

အခု jonginလေးရောက်နေတဲ့နေရာက bar တစ်ခု ။
barကိုဘာလို့ရောက်နေတာလည်းဆိုတော့??။

အတွေးများဟိုရောက်ဒီရောက်နဲ့ အူလည်လည်
ဖြစ်နေရှာတဲ့ jongin ကိုအော်ဟစ်လိုက်တဲ့အသံကျယ်ကြီး
ကြောင့် လန့်ဖျတ်သွားရှာသည်။

"ဟဲ့!!...ဒီမှာကောင်လေးဘာငိုင်နေတာလဲ???"

Omma တောင် သူ့ကိုဒီလိိုမအော်ဖူးဘူး။nini အမြင်တော့
ဒီအန်တီကြီးက အတော်လေးကြောက်စရာကောင်း
သည်။ကြောက်လွန်းလို့ ဆွံ့အနေမိသည်အထိပင်
ဖြစ်ရသည်။

"...."

"ရော့!!...ရေချိုး​ပြီးအဝတ်အစားလဲထား​ ကြားလား??"

"ဟုတ်ကဲ့..ဟို...ဟိုလေ?"

"ဘာလဲ!!"

"nini ကို ကူညီမယ်ဆိုတဲ့သူက မလာသေးဘူးလား??
ထားရက်တာကြ​ပြီ​ဆိုတော့လေ~~"

သိချင်တာကိုတွန့်ဆုတ်တွန်ဆုတ်နဲ့ မေးမိတော့
ပြန်ပြောလိုက်တဲ့ စကားကြောင့် ဝမ်းနည်းမှာများ
ကြီးစိုးသွားရသည်။

"ဟဲ့...!!နင့်ကိုရောင်းပြီး ပိုက်ဆံထုတ်သွားပြီဟဲ့!"

"တ...တကယ်လားဟင်???"

jongin ပါးပြင်​ပေါ်မှာ မျက်ရည်များစီးကျလာသည်။
ထိုအဖြစ်ဆိုးမျိုးကို ရင်ဆိုင်ခွင့်ပေးလိုက်တဲ့ကံကို
သာ အပြစ်တင်မိသည်။

"ဟဲ့...ငိုမနေနဲ့...အချိန်မရှိဘူးမြန်မြန်သွား!!"

"ဟုတ်...ဟုတ်ကဲ့"
.
.
.

ဖြစ်သွားတဲ့ အဖြစ်ပျက်ကတော့
jongin အိမ်ကထွက်လာသည်မှာ အတော်ပင်ကြာနေ
​​ပြီးဖြစ်သည်။ခြေထောက်တွေကလည်းနာနေခဲ့ပြီပေါ့။
သူဆက်​လျှောက်​ပြီးလမ်းကြားထဲကိုအဝင်မှာပဲ့
သူ့အိတ်ကိုလူတစ်ယောက်လုကာ ပြေးသွားခဲ့သည်။
သူထိုလူနောက်ကိုလိုက်ပါသော်လည်း မမီခဲ့ပါလေ။

သူအခုဘယ်လို့လုပ်ရမှာမည်နည်း? ။

ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာဆိုတဲ့ စကားလိုပင်
သူ့အဖြစ်က အတော်လေးသနားစရာကောင်း
နေတော့သည်။

Omma ပေးလိုက်တဲ့ ဟာတွေ မရှိတော့ဘူး။အားမရှိစွာ
သူထိုနေရာ၌ပင် ထိုင်သာ ငိုချလိုက်ပါတော့သည်။

°.HEALER.° {completed}Where stories live. Discover now