Playlist _Blue(Yung Kai)_>>
"Anesthesiologistအနေနဲ့မီယောင်းကပဲဝင်ပေးလိုက်ပါ။ASကိုတော့_"
"Assistလုပ်မယ့်ဆရာဝန်ကရှိပြီးသား..၊အမ လူစုံပြီဆိုရင် ခွဲခန်း(၃)ကိုဖွင့်ခိုင်းလိုက်တော့"
Scrub suitဝတ်ထားသည့်ဒေါက်တာဆောနူက တံခါးဆွဲဖွင့်ကာ ဝင်လာ၏။ထို့နောက်မှာတော့ surgeryအတူဝင်ရမယ့် ခွဲခန်းsisterက ဒေါက်တာ့စကားကိုအသိအမှတ်ပြုသလို ခေါင်းညိတ်ပြပြီး ရုံးခန်းထဲမှ အရင်ထွက်သွားသည်။နောက်မှဆရာဝန်တချို့နှင့်သူနာပြုတွေက အလျိုလျိုထွက်သွားကြ၏။
ရုံးခန်းထဲမှာကျန်ရစ်ခဲ့တာက GSဌာနမှူးနှင့်ဒေါက်တာဆောနူတို့နှစ်ဦးသာ..။ထိုစဉ် ဒေါက်တာဆောနူက ဌာနမှူးရှိနေတဲ့ထိုင်ခုံနေရာဆီသို့ လျှောက်လာပြီး...
"ဒီလိုအချိန်မှာ meetingခေါ်မယ့်အစား ERကလူနာကိုခွဲခန်းထဲကူရွေ့ပေးသင့်တယ်မထင်ဘူးလား"
"ဆေးအကူတွေရှိနေတာက ဘာအတွက်လို့မင်းထင်လဲ ဆောနူ၊ပြီးတော့ ခုနက ကိုယ့်စကားကိုမင်းဖြတ်ပြောလိုက်တာ_"
"ဟိုးထား!!!!ရပ်...ရပ်လိုက်တော့ ဆောင်းဟွန်း၊အခုချိန်မှာ မင်းဆူတာခံနေဖို့ ငါ့မှာအချိန်မရှိဘူး။ဒီမှာ...ခွဲခန်းဝင်မယ့် team ၊မင်းကြည့်ပြီးလို့ စိတ်မချဖြစ်ရင် ခွဲခန်း(၃)ထဲဝင်လာခဲ့လိုက်"
"ပတ်ခ်ဆောနူ!!"
ပြောပြီးလှည့်ထွက်သွားသူကို ဆောင်းဟွန်းဒေါသသံစွက်ကာခေါ်လိုက်တော့ ဆတ်ခနဲလှည့်ကြည့်၏။အကြည့်ချင်းဆုံသွားတဲ့အခိုက်မှာ ဆောနူရဲ့မျက်ဝန်းတွေက အဓိပ္ပာယ်ဖတ်စရာမလိုအောင် စူးရဲပြင်းထန်နေခဲ့လျှင်....
"အလုပ်နဲ့ကိုယ်ရေးကိုယ်တာကို ခွဲခြားတတ်စမ်းပါ ဆောနူ"
"အဲ့ဒီစကားက ကျွန်တော်ပြောရမယ့်စကားပါ ဌာနမှူး"
စကားကိုအနိုင်ပိုင်းကာပြောပြီး ရုံးခန်းထဲမှပြန်ထွက်သွား၏။လာပေးသွားတဲ့ listကိုကြည့်လိုက်တော့ အဓိကခွဲစိတ်ဆရာဝန်နာမည်မှာ သူ့အလုပ်သင် ဆွန်းမင်းဆိုတဲ့ဆရာဝန်ပေါက်စနာမည်က ထင်းလို့..။သူ့နာမည်ကတော့ ASနေရာမှာ..