first snow

7 2 0
                                    

မှန်အပြည့်ကာရံထားတဲ့ နံရံကနေတစ်ဆင့်
ပထမဆုံးကျလာခဲ့ဖွေးဖွေးလှုပ်နေတဲ့
နှင်းတွေကို လှမ်းမြင်နေခဲ့ရသည်

သောက်လက်စ ကော်ဖီကို စားပွဲပေါ်ကိုတင်ပြီး
သက်ပြင်းခပ်လေးလေးတစ်ချက်ချလိုက်မိ၏
ပထမဆုံး နှင်းကျတဲ့ ဒီလိုနေ့လည်ခင်းမျိုးမှာ
မင်းဆီကိုသာဖုန်းခေါ်ခွင့်ရခဲ့မယ်ဆို ကိုယ်ပျော်နေမိလောက်မယ်ထင်တယ်

အချိန်တွေ တရွေ့ရွေ့တိုက်စားလို့ တစ်နှစ်သာ
ကြာသွားခဲ့ပေမဲ့လည်း ဂျေးရဲ့ နှလုံးသားဟာတော့
သံယောဇဥ်တွေဟာ ကျန်ရှိနေဆဲပါပင်

'အထီးကျန်လိုက်တာ'

နှင်းတွေကိုကြည့်လို့ တစ်ယောက်ထဲရေရွတ်မိလိုက်သည် သက်ပြင်းခပ်ဖွဖွကို ကော်ဖီနှင့်အတူ
မျှောချလိုက်သည်။ရှစ်ထပ်မြောက်က ကွန်ဒိုတိုက်ခန်းတစ်ခုထဲမှာ လွယ်ကူစွာပဲပျောက်ရှသွား
တဲ့ရေရွတ်သံဟာ ဂျေးကိုပိုလို့ပင်လွမ်းစိတ်ကိုတိုးလာစေခဲ့ပါသည်

တစ်ကယ်လို့များ နာရီတွေကိုနောက်ပြန်လှည့်ပြီး
တစ်နှစ်မတိုင်ခင်ကို ပြန်သွားလို့ရခဲ့မယ်ဆိုရင်
နှလုံးသားကိုလဲ နောက်ပြန်လှည့်ခဲ့ပြီး ပြန်သွားလို့သာရခဲ့မယ်ဆိုရင် သူတို့တွေပြောင်းလဲသွားနိုင်လောက်လား မဖြစ်နိုင်တဲ့ ရူးကြောင်ကြောင်အတွေးတွေကို တွေးမိပြန်သည် ဒါပေမဲ့လည်း တစ်ကယ်လို့များပေါ့.....

_____________________________________________

မီးရောင်တွေအပြည့်နဲ့လမ်းမပေါ်မှာ ဂျေးတစ်ယောက်ထဲလျှောက်နေခဲ့မိသည်။ အားလုံးကိုကြည့်ရတာတော့ ပျော်ရွှင်နေကြပုံပါပဲ။ နှင်းတွေကျလာခဲ့ရင် ဂျေးရဲ့ဒဏ်ရာတွေနဲ့ နှလုံးသားဟာ အဖြူရောင်နှင်တွေများဖုံးအုပ်သွားလေမလား

ဒီဒဏ်ရာတွေအပြည့်နဲ့ christmas ညမှာပဲ သူတို့လမ်းခွဲခဲ့ကြတာ ဒီလိုမျိုးလေပြေလေးလိုမျိုး
ဂျေးရဲ့ဘေးမှာ ဂျောင်ဝန်းဟာ အမြဲတမ်းရှိနေခဲ့မယ်ထင်လို့ ဂျေးဟာတန်ဖိုးမထားမိခဲ့တာ

အချိန်ကြာလာလေလေ ဂျောင်ဝန်းဟာ
သူ့အတွက်အရေးကြီးမှန်း ဂျေးသိလာလေလေပင်
အမြဲတမ်း တက်ကြွနေတတ်တဲ့ ကောင်လေးဟာ
ဂျေးရဲ့ဘေးမှာ မငြီးမငြူ ရှိနေပေးခဲ့တာ

You've reached the end of published parts.

⏰ Last updated: Oct 10 ⏰

Add this story to your Library to get notified about new parts!

first snowWhere stories live. Discover now