Part-2 [Uni+Zawgyi]

5 1 0
                                    

Uni

ညနေစောင်း နေကျချိန် ရွာလယ်ရှိ ကိုသာကျော်၏ထန်းတောတွင်းသို့ လူငယ် သုံးယောက် ဝင်လာ ကြသည်။
အလယ်မှ ဆွဲကြိုးအတုတ်ကြီးနှင် လက်စွပ် သုံးကွင်းလောက် ဝတ်ထားသည့် ဖြူဖြူဖွေးဖွေကောင်လေးမှာ ပြောစရာ မလိုအောင် တစ်ရွာလုံး၏ရွာဇော် ဥက္ကာမောင် ဟူသည် လူတိုင်းသိ၏။

ထန်းတောအရောက် ထန်းပင်အောက်တွင် နှီးဖျာတစ်ချပ်အား သာလှမှ ခင်းနေပြီး၊ငထွေးမှာ ဖုန်ခါရန် အသင့်စောင့်နေသည်။

"ဪ မင်းတို့ရောက်လာတာ ကျုပ်ကိုတောင် မအော်ဘူး"

သာကျော်က ထရံကာ တဲအတွင်းမှထွက်လာကာ ဥက္ကာ‌မောင်အနားရောက်လာသည်။

"‌ဆိုတော့ ကျုပ်တို့အတွက် မြူငါးအိုးရယ် ကြွက်ကြော်အကောင်ကြီးကြီးရယ် လာချပေး"

"နေဦး ထမင်းရည်ဖြစ်ဖြစ်၊ဆန်ဆေးရည်ဖြစ်ဖြစ် ရောထားလို့ကတော့ သာကျော် မင်းထန်းတောကို မီးရှို့ပစ်မယ်"

"ဟုတ် ပါပြီ အကိုလေးရာ"

သာကျော်ထန်းရည် လာချချိန်တွင် မြူငါးအိုးသာ ပါလာ၍ ကြွက်ကြော်မှာ ပါမလာသေး။

"ဟို......ဟို  အကို လေး ကြွက်ကြော်ကလေ ကြွက် မရလို့အကိုလေးရဲ့ ကျုပ်
လက်ဖက်သုပ်ပေးမယ်လေ"

ဥက္ကာမောက်တစ်ယောက် ထန်းထောလာရင် ကြွက်ကြော်စာချင်သာ လာချင်းဖြစ်သည်။

"ကျစ်!
ဒါဆို ကြက်ကြော်ရှိလား"

"မရှိဘူး အကိုလေး"

"ဟ့!
မင်းဟာက ကြွက်ကြော်လဲမရ ကြက်ကြော်လဲ မရနဲ့ ငါစိတ်မရှည်တော့ဘူးကွ့!"

"တောင်းပန်ပါတယ် အကိုလေးရယ်
ဒီနေ့ တကယ် ကြွက်မရတာပါ"

"ကျစ်!"

‌ဥက္ကာမောင်တစ်ယောက် ဒေါသထွက်၍စုတ်သတ်ကာ ပုဆိုးတိုတိုအား ကောက်မတော့ ပေါင်သားဖြူဖြူများပါ မြင်ရကုန်သည်။

"ဟိုကောင် သာလှ လာ!
လေးခွယူပြီး လိုက်ခဲ့"

သာလှသာခေါ်သောကြောင့် ငထွေးတစ်ယောက် ကိုယ့်ကိုယ်ကို လက်ညိုးထိုးပြကာ

အိုးလေးကွဲသွားပြီ [BL]Where stories live. Discover now