Part-5

153 17 2
                                    

"တော်ပြီလား Jeonghannie
ဒီစတော်ဘယ်ရီဖျော်ရည်လေးတော့ ကုန်အောင်သောက်အုန်းလေနော်"

စားလက်စ ရေညှိထမင်းလိပ်အပိုင်းလေးကို ဆက်မစားတော့ပဲစားပွဲပေါ်ပြန်ချလိုက်သူကြောင့် Wonwooမေးမိသွားတယ်။

ဒီလိုတွေ့ချိန်လေးတွေနဲ့အတူရှိဖြစ်ခဲ့တာကြာလာလေ Wonwooသူ့အကြောင်း ပိုသိလာရလေမို့ ရှေ့ကအလှလေးဟာ အစားနည်းသူတယောက်ဆိုတာ ပိုသိလာရတယ်။

ဒီလိုနေ့လည်ခင်းထမင်းစားနားချိန်မှာအတူရှိရဖို့အရေး Wonwoo သူနဲ့ရင်းနှီးအောင်ကြိုးစားလိုက်ရတာ တလကျော်နီးပါး။

သူအတန်းမရှိချိန်တွေနဲ့ သူ့အချိန်ပိုင်းအလုပ်တွေထိ လိုက်ရှာဖွေစုံစမ်းပြီးချဉ်းကပ်ခဲ့သမျှရဲ့အကျိုးရလာဒ်အနေနဲ့ ဒီလိုနေ့လည်ခင်းထမင်းစားနားချိန်ဟာ Wonwooကို သူပေးဖြစ်တဲ့အချိန်အပိုင်းအစလေးဖြစ်လာလေတယ်။

သားကြီးတယောက်အနေနဲ့ မိသားစုကိုပြန်ကြည့်တတ်သူဟာ ကျောင်းချိန်တွေကလွဲရင် အချိန်ပိုင်းအလုပ်တွေမှာပဲကုန်ဆုံးတတ်သူဖြစ်ပါတယ်။

ပျောက်လိုက် ပြန်ဖြစ်လိုက်နဲ့ အမြဲစွဲနေတဲ့လက်ထိပ်လေးတွေက ဒဏ်ရာတွေဟာလဲ အချိန်ပိုင်းအလုပ်တွေရဲ့ဆိုးကျိုးပါပဲ။

ဒီလိုမိသားစုကိုဂရုစိုက်တတ်သူလေးဟာ အချိန်ကြာအပူလိုက်ကပ်နေတဲ့Wonwooကို နောက်ဆုံးမှာတော့ အချိန်တခုဖဲ့ပေးဖို့ဖြစ်လာခဲ့တာပေါ့။

"အွန်း... ဗိုက်ကပြည့်သွားပြီထင်တယ်၊ ဆက်စားမရတော့ဘူး"

"ဒါဆို ဒါလေးတော့ကုန်အောင်သောက်နော်၊ ညနေပိုင်းအတန်းပြီးရင် ကျောင်းနားကအချိန်ပိုင်းတခုတန်းသွားမှာမလား၊ အလုပ်လုပ်ရင်းအဆာပြေစားရအောင် ဒါလေးတွေထည့်သွားနော် Jeonghannie"

‌သူသောက်လက်စ စတော်ဘယ်ရီဖျော်ရည်ကိုဆက်တိုက်ရင်းက ညနေအဆာပြေအတွက်ပါပြင်ဆင်ပေးထားတာလဲ မမေ့မလျော့ထည့်ပေးဖြစ်လေတယ်။

သူက မိသားစုအတွက်ဂရုစိုက်ရင်းကြိုးစားနေသူဆို Wonwooက သူ့ကိုဂရုစိုက်ရင်းရှေ့ဆက်ချင်မိသူပေါ့။
သူနဲ့အတူရှိဖြစ်တာများလာလေ တရက်ပြီးတရက် Wonwoo သူ့ကိုပိုစွဲလန်းမိလေပါပဲ။
________________________________

Us , Love & ....? [Completed]Where stories live. Discover now