ဆန်ကုန်မြေလေး ငါးဆားနူတစ်ကောင်ကနေ ဇနီးလေးသည်သာ အဓိက၊ ဇနီးထိပ်ထားစံ အချစ်ရူးအဖြစ်ကို ပြောင်းလဲသွားတဲ့ အေးစက်မိမိုက်လှပါသော နတ်ဆိုးဘုရင်ကြီးသဖွယ် မီးခိုးရောင်ဝံပုလွေ အယ်လ်ဖာ X အစကတော့ မှိုင်းတိမှိုင်းတိုင်း အားအင်မရှိသလိုပုံမျိုးလေးနဲ့ နောက်ပိုင်းကျ အပြင်ပန်း ဖြူစင်သလောက် ဉာဏ်နီဉာဏ်နက်များတတ်တဲ့ သတင်းထောက် ကြောင် အိုမယ်ဂါလေး...။ဟယ့်ကျွော်သည် အလွန် စိတ်ဆတ်သောသူတစ်ဦး ဖြစ်ကာ သူနှင့် လက်ထပ်ရန် သဘောတူထားသော သူ့ဇနီးလေးအပေါ်တွင်လည်းအထင်အမြင်သေးလှသည်။
အဆင့်နိမ့် အိုမယ်ဂါတစ်ယောက်ဖြစ်သော ကျိထင်းယွီသည် စိတ်ဝင်စားစရာမကောင်းတဲ့သူဖြစ်ပြီးစကားလည်းနည်းကာ ပျင်းစရာကောင်းသောသူဖြစ်သည်။ သူ၏ ပုံပန်းသွင်ပြင်တစ်ခုတည်းသည်သာ ကြည့်ကောင်းနေခြင်း ဖြစ်သော်လည်း မြင်သာမြင်ရ ကြင်၍မရသောသူ တစ်ဦးလည်းဖြစ်သည်။
သူသည် နှစ်တစ်ဝက်ကျော်လောက်နီးပါး အလိုဆန္ဒများပါသော စိတ်အားထက်သန်သည့် မျက်လုံးများဖြင့် ကြည့်ခဲ့ပါသော်လည်း သူ့အပေါ်သို့ လက်လေးတစ်ချောင်းကိုတောင် မတင်နိုင်ခဲ့ပေ။
မင်္ဂလာဦးညတွင်မူ အခုမှ ရေချိုးပြီး ထွက်လာကာစ ကျိထင်းယွီသည် ခေါင်းစီးကြိုးကို ကိုက်ကာ ကျစ်ဆံမှီးကျစ်နေပြီး ကြောင်နားရွက်လေးများက သူ့ခေါင်းပေါ်တွင် ခပ်ဖွဖွလေး တုန်ခါနေလျက်ရှိသည်။
ဟယ့်ကျွော်သည် ဘယ်လိုမှ မတက်နိုင်ဘဲ သူ့ဆံဖျားလေးများကို ထိဖို့ရာ လက်လှမ်းလိုက်ခြင်းကိုမူ မထိန်းနိုင်ခဲ့ပေ။
သူ၏ပုခုံးကို ပုတ်ထုတ်ကာ မြေပြင်ပေါ်သို့ အတွန်းခံရပြီးသည့်နောက် အိုမယ်ဂါလေးသည် အခန်းထောင့်သို့ ကြုံ့ကြုံ့ကလေး ရောက်သွားပြီး ကြောက်လန့်နေသော ငှက်ကလေးသဖွယ် တစ်ကိုယ်လုံး တုန်ယင်နေလျက် ကြောက်လန့်နေသည့်ကြားမှ ပြောလာလေသည်။ ".......ကော?"
ဟယ့်ကျွော်၏ မျက်နှာသည် အေးစက်သွားကာ မတ်တပ်ထရပ်၍ ထွက်သွားတော့သည်။ ကျိထင်းယွီသည် လျင်မြန်စွာ သူ့ကို ပြန်ဖမ်းဆွဲထားရင်း "မသွားပါနဲ့..ကော ကျွန်တော့်ကို မူးအောင် လုပ်လိုက်ပါ....."