1

323 72 29
                                    

" DEADLY ROMANCE "

သူ့နာမည်က ရှင်းဂျိတ်ခ်။
သွယ်လျတဲ့ခါးကျဥ်ကျဥ်နဲ့ ကျော့ရှင်းလွန်းတဲ့
ခြေတံရှည်တွေက သူ့အမှတ်အသား။
အေးစက်နက်ရှိုင်းတဲ့မျက်ဝန်းတွေကိုပိုင်ဆိုင်ထားပြီး
ပြုံးထေ့ထေ့နှုတ်ခမ်းထောင့်စွန်းနဲ့ ရက်ရက်စက်စက်ကို
ဟော့လွန်းတဲ့ယောကျာ်း။

အနက်ရောင်leather shoeကို နှစ်လက်မနီးနီး
မြင့်တဲ့ဒေါက်နဲ့ဝတ်လေ့ရှိကာ အဲ့ဒီဖိနပ်ဦးချွန်ချွန်
အောက်မှာ ပြားပြားဝပ်နေရတဲ့ ပုထုစဥ်အမျှင်တန်းတွေက
မနည်းလှဘူး။

ဝဲကျနေတဲ့ ဂုတ်ထောက်လုနီးနီး ဆံပင်လှိုင်းတွေက
ဖြည်ရခက်တဲ့ ချည်မျှင်တွေအလား။

လှတယ်လို့သတ်မှတ်ရင်လည်းရသလို ချောတယ်လို့
သတ်မှတ်လို့လည်းရတဲ့ ဆန့်ကျင်ဘက်လိင်နှစ်ခုရဲ့
စွမ်းအင်တွေရောယှက်ထားသလို အဖြေရှာရခက်တဲ့
ဖြစ်တည်မှုနဲ့ တည်ရှိနေတဲ့ယောကျာ်း။

အခန့်သင့်ရင်တော့ အဲ့ဒီအနက်ရောင်ဆံပင်လှိုင်းတွေ
ဖရိုဖရဲစုချည်ထားတဲ့ ရေခဲရိုက်မျက်နှာချောချောအား
ရှင်းရှင်းလင်းလင်းမြင်ခွင့်ရနိုင်မယ်။

အခန့်မသင့်ရင်တော့ ကောင်းကောင်းသွား ဆိုတဲ့
လေသံပါးလေးကိုမော်ဖူးရင်း နောက်ဘဝကို
သိခွင့်ရနိုင်မယ်။

ရှင်းဂျိတ်ခ်က Apex Capital Bank သူဌေးကြီးရဲ့
ပထမသား။ နောက်တစ်ချက်ကတော့ တရားမဝင်တဲ့
အနက်ရောင်နယ်မြေရဲ့ မုဆိုးတစ်ပါး။

" အဲ့ဒီလူနဲ့ ကျွန်တော်က လက်ထပ်ရမှာပေါ့ "

ဒယ်ဒီ့ကို ဆောင်းဟွန်း မျက်မှောင်ကျုံ့ကာမေးလိုက်တော့
ဆေးလိပ်တစ်ချက်ဖွာပြီး ခေါင်းငြိမ့်ပြလာတယ်။
အဲ့တာက အတည်ပြုတဲ့သဘောတော့မဟုတ်သေးဘူး။
လက်ဖဝါးကိုပါ တစ်ဆက်တည်းထောင်ပြတဲ့သင်္ကေတက
ခဏနားထောင်ဆိုတဲ့ အဓိပ္ပါယ်။

" အေးအေးဆေးဆေးမှပါ တစ်ယောက်နဲ့တစ်ယောက်
ရင်းနှီးဖို့အချိန်ယူဦးပေါ့ ပြီးမှ လက်ထပ်ရမလား
ဖျက်စီးရမလားကို ဒယ်ဒီကိုယ်တိုင်ဆုံးဖြတ်ပေးမယ် "

လေပူတစ်ချက်ကို ဆောင်းဟွန်းမှုတ်ထုတ်ရင်း
ဆိုဖာပေါ်ခေါင်းလှန်ချလိုက်တယ်။

DEADLY ROMANCE [SUNGXJAKE]Where stories live. Discover now