2

376 68 51
                                    

" DEADLY ROMANCE"

ကားထဲရောက်ရောက်ချင်းမှာ ဂျိတ်ခ်ဟာ
အရုပ်ကြိုးပျက်။

လူစီဘော့စ်က နောက်ကိုလှည့်ကြည့်လာတဲ့အခါ
ဂျိတ်ခ် ပြုံးသည်ဆိုရုံပြုံးပြမိသွားတယ်။

အရင်ဆုံး သူ့နှလုံးခုန်သံတွေကိုထိန်းရဦးမယ်လေ။

" အပြင်မှာ ပိုချောတာလား "

အသက်ရူမမှန်တဲ့ သူ့ကိုကြည့်ရင်း သက်တော်စောင့်
ဖြစ်တဲ့လူစီဘော့စ်က ရယ်ကျဲကျဲဆိုတယ်။

" သေလောက်အောင်​ပဲ "

အောက်နှုတ်ခမ်းကိုဖွဖွလေးကိုက်ရင်း တအံ့တသြ
ဂျိတ်ခ် ရေရွတ်ပြလိုက်တော့ လူစီဘော့စ်ရဲ့ရယ်သံ
အကျယ်ကြီးက ကားထဲဟိန်းသွားတယ်။

" ဓာတ်ပုံမြင်တုန်းကတောင် ဒီလောက်ဖြစ်နေတာ
အခုဘယ်လိုသတ္တိတွေနဲ့ တွေ့လာတာလဲ ?
ဂျိတ်ခ်တော့မသိဘူး ကျွန်တော်တောင်စိတ်လှုပ်
ရှားနေတာ "

တစ်ဦးတည်းသော လူယုံသက်တော်စောင့်ကို
ဂျိတ်ခ်မျက်လုံးလေးမှိတ်ပြမိသွားတယ်။

" ကျွန်တော်က ဘယ်သူမို့လို့လဲ "

ဂျိတ်ခ်ပုံစံက ခုနကစိတ်တင်းထားရပုံနဲ့မတူ။
ခပ်ဖွာဖွာလွင့်နေတဲ့ ပန်းချပ်ကလေးလို ပေါ့ပါးနေတယ်။

ပတ်ဆောင်းဟွန်းနဲ့မျက်နှာချင်းဆိုင်ထိုင်ပြီး စကားတွေ
ပြောလာရတဲ့ခဏတာက ဂျိတ်ခ်အတွက်တော့ နှစ်ခါ
ပြန်မရနိုင်တဲ့ အိပ်မက်ကလေးလိုပဲ။

​ဥက္ကဌရှင်းဆီကနေ ပတ်ဆောင်းဟွန်းဆိုတာ ဒီလူပါဆိုပြီး
ဓာတ်ပုံပြတုန်းကတည်းက နစ်ဝင်သွားမိပါတယ်ဆိုရင်
မလွန်လောက်ဘူးမလား။ အဲဒီ့လူကတော့ ဓာတ်ပုံပြစရာ
မလိုလောက်အောင် သူ့ကိုသိပါတယ်တဲ့လေ။
အဲ့တာတောင် တစ်ချက်ကလေး လာနှုတ်ဆက်ဖော်
မရတာ လွန်တာပေါ့။

" ဘယ်နေ့အားလဲတဲ့ ကျွန်​တော့်ကိုအကြာကြီး
စိုက်ကြည့်ပြီးမေးတယ် "

လူစီဘော့စ် ဆံပင်မရှိတဲ့ခေါင်းကြီးကိုပွတ်ရင်း
ဂျိတ်ခ်ရဲ့ရင်ခုန်သံကလေးကို ဂရုတစိုက်နားထောင်
ပေးဖြစ်တယ်။

DEADLY ROMANCE [SUNGXJAKE]Waar verhalen tot leven komen. Ontdek het nu