Part1

7 2 0
                                    

သင်တို့ရဲ့ဘဝမှာ မမေ့ရက်နိုင်တဲ့သူတယောက်တော့ရှိမှာပါ ဟုတ်ပါတယ် ကျွန်မမှာလည်းရှိခဲ့ဖူးပါတယ်
ဒါပေမဲ့ကျွန်မဒီနေ့အချိန်ထိလိမ်​ပြောနေမိပါတယ် အဲ့တာက''ငါသူကို့မေ့နိုင်နေပြီငါသူ့နာမည်တောင်မေ့နေပီ''ပေါ့တကယ်တမ်းတော့မေ့မရပါဘူး မေ့မရတာ ထက် မေ့မရက်တာပါ သူနဲ့ပတ်သတ်တဲ့အရာလေးတွေ သူနဲ့အတူလုပ်ဖူးခဲ့တဲ့အရာတွေ သူရဲ့ရနံ့  သူနှုတ်ခမ်းအရသာ အရာရာတိုင်းကိုမှတ်မိနေပါသေးတယ်...''အချစ်ဥိးကိုရူးရင်တောင်မမေ့ဘူး''ဆိုသလိုပါပဲလားး..

ကျွန်မအသက်၁၆နှစ်မှာပေါ့....
ကျွန်မရန်ကုန်သူပါ..ရန်ကုန်နေပီးရန်ကုန်မှာပဲကျောင်းတတ်တာပါ။
ဒါပေမဲ့ အဖေနဲ့အမေရဲ့ ဆက်ဆံရေးက တရက်ထက်တရက်ပိုဆိုးလိုလာပါတယ် သူတို့ကွာရှင်းလိုက်ကြတယ် ကျွန်မကတော့ အမေနဲ့နေဖို့အကြောင်းဖန်လာခဲ့တယ် အမေက သူ့အသိတွေရှိတဲ့ သန်လျင်မှာနေဖို့ကျွန်မကိုပြောပါတယ် ကျွန်မ မနေချင်ပေမဲ့ မငြင်းရက်ခဲ့ပါဘူး။ဘာလို့ဆို မေမေ့မှာညိအစ်ကိုမောင်နှမသားချင်းလည်းမရှိသလို အဖေ အမေတွေလည်းမရှိပါဘူး။အမေ့ကသူမှာပါလာတဲ့ပိုက်ဆံနဲ့အိမ်ငှားရမ်းပြီး စက်ရုံအသေးလေးထောင်ထားပါတယ်..
အဲ့လို့နဲ့ပဲ ကျွန်မသန်လျင်မှာပဲကျောင်းတတ်ဖြစ်ခဲ့ပါတယ်...
ကျောင်းစတတ်ရက်ပထမရက်တော့ ကျွန်မကအသစ်ဖြစ်နေတာကြောင့် အတန်းထဲကသူတွေက နည်းနည်းစိမ်းပါတယ်..ကျောင်းတတ်ရက်ကြာသွားတဲ့နောက်မှာတော့ သူငယ်ချင်းတွေရလာပါတယ် အခင်ဆုံးသူငယ်ချင်း၂ယောက်လဲရခဲ့တယ် သူတို့ကလည်းကျောင်းသူအသစ်တွေဖြစ်တာကြောင့် ပေါင်းရသင်းရတာ လွယ်ကူခဲ့ပါတယ်...။

အဲ့နေ့ကျွန်မသူနဲ့စသိတဲ့နေ့ပေါ့
25.7.2022

ကျွန်မတို့ကျူရှင်အချိန်ပိုမှာသူလည်းတတ်တာပေါ့သူကိုသတိမထားမိခဲ့ဘူး သူ့နာမည်တောင်မသိခဲ့ဘူး..ကျွန်မတို့ အချိန်ပိုသမားတွေစုပြီးစကားစမြည်ပြောနေကြတာပေါ့
သူကစကားဝိုင်းထဲဝင်ပါလာခဲ့တယ်အဲ့လို့နဲ့ပျော်စရာစကားတွေပြောရင်း သူက ကျွန်မကိုစကားလာပြောပီး မိတ်ဆက်တယ် ကျွန်မရဲ့နာမည်ကိုလည်းမေးခဲ့တယ်

''နာမည်လေးကလှသားပဲဆု....
မဆုလို့ပဲခေါ်မယ်ရတယ်မလား ကျွန်တော်ကမဆုထက်အသက်ငယ်လို့လေအဆင်ပြေမလားမဆု...''

''ဟုတ်ရပါတယ်အဆင်ပြေသလိုခေါိပါ''

အင်းအဲ့မှာဇာတ်လမ်လေးစတာပါပဲသူနဲ့ကျွန်မနှစ်ယောက်ထဲသိးသန့်ခွဲပြီးစကားတွေအများကြီးပြောဖြစ်ခဲ့ကြတယ် နောက်တော့သူက ဖုန်းနံပါတ်တောင်းပါလေရောဒါကနည်းနည်းတော့ရဲတင်းတယ်လို့ပြောလို့ရပေမဲ့သူကပြောပါတယိ

''ph no.တောင်းတာတမျိုးမထင်ပါနဲ့မဆု ကျွန်တော်ကလည်းကျောင်းသားသစ်မလို့ အချင်ချင်းမသိတာရှိရင်မေးလို့ရအောင် လို့ပါ မဆုအဆင်မပြေလဲမပေးလဲရပါတယ်''

''အော်ရပါတယ် စာမေးမှာပဲမလား ဆုပေးလို့ရပါတယ် ''

17.8.2022
အဲ့နေ့ကကျောင်းပိတ်ရက်ပေါ့ သူက မနက်ပိုငိးမှာ ကျွန်မကိုဖုန်းဆက်ခဲ့တယ် ကျွန်မအစကတော့ စာမေးမယ်ထင်လို့ဖုန်းကေကာက်ကိုင်လိုက်တယ်

''ဟယ်လို... မဆုလားး''

''ဟုတ် ''......''ပြောလေ''

''ကျွန်တောလေ မဆုကိုပြောစရာလေးရှိလို့မဆုစိတ်မဆိုးဘူးမလားး''

''ရှင်....ဘာမို့လဲ''

''.....................''

''ဟယ်လိုဘာပြောမလို့လဲ....ဟယ်လို....။

''အာဘာမှမဟုတ်တော့ဘူးနော်မဆုဂရုစိုက်ဥိးနော်ကျွန်တော့နောက်မှပြောတော့မယ်မဆု...တာ့တာနော်''

''ရှင်.....အာဟုတ်ပါပီတာ့တာပါ။

A lover who could not be forgotten(မေ့မရနိုင်ခဲ့သောချစ်သူ)Where stories live. Discover now