Part3

6 2 0
                                    

21.8.2022
အဲ့နေညနေသူကျွန်မကိုစကားလာပြောတယ်

'' မဆု အဖြေပေးတော့မလားလို့လာမေးတာပါ''

''ငါမသိဘူး''

''အော်ဟုတ်ပါပီ''

သူပြန်လှည့်ထွက်သွားတယ်။ကျွန်မစိတ်ထဲသူ့ကိုမငြင်းချင်ပါဘူး။ဒါပေမဲ့သူ့ကိုဘယ်လိုပြန်ပြောရမှန်းမသိဘူး သူလှည့်ထွက်သွားပြီးခနအကြာ(ကျော်....)ရောက်လာပြီး ကျွန်မအနောက်ကခုံအတန်းအလွတ်ကို သူ့ရဲ့လက်သီးနဲ့ အားပြင်းပြင်းထိုးပြီးပြောပါတယ်

''မရီးဆုပြည့်အဲ့ကောင်ကိုအဖြေမပေးနဲ့''ဆိုပြီးလာပြောတယ်

ကျွန်မလဲတော်တော်လေးလန့်သွားတယ် သူတို့နှစ်ယောက်ရန်ဖြစ်တော့မယ် ကျွန်မသိတယ်
ပြီးတော့ (ကျော်....)ကသူ့ကိုအချိန်ပိုဆင်းရင်လမ်းမှာ စကားပြောကြမယ်လို့ပြောနေတာ ကြားတယ် ကျွန်မလည်းဘာမှဝင်မပြောပဲမသိချင်ယောက်ဆောင်နေတယ်....။ပြိးတော့ ဘာလုပ်ရမလဲမသိတာကြောင့် ကျွန်မရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့''အမညို''ကိုမေးလိုက်တယ်။

''မ ညီမ သူ့ကိုအဖြေပြန်ပေးသင့်တယ်ထင်လား''

''အင်......သူက စာလည်းတော်တယ် ရုပ်လေးလည်းအသင့်တင့်ရှိတယ် စိတ်ထားလဲကောင်းပါတယ် ဆုအပေါ်လဲကောင်းမဲ့ပုံစံပါပဲ ဆုနဲ့ဆိုအဆင်ပြေမှာပါ ဒါပေမဲ့ဆုသဘောပါ ဆုရွေးချယ်ပါ ညိုက ဆုကိုဒိတိုင်းပြောပြပေးရုံပါ''

ခနတာစဥ်းစားပီးသူ့ကိုပြန်အဖြေပေးဖို့ဆုံးဖြတ်လိုက်တယ်

အချိန်ပိုပြီးတော့ ကျွန်မသူ့ကိုလှမ်းခေါ်လိုက်တယ်

''(....)ပြောစရာရှိလို့''

''ဟုတ်မဆုပြောလေ''

''ငါနင့်ကိုရွေးမယ်''

''ဗျာ''

ကျွန်မပြောလိုက်တဲ့စကားကတကယ်ကြောင်တောင်တောင်ပါ'' ရွေးမယ် ''ဆိုတာကဘာရီးတုန်းပေါ့

''ငါနင့်နဲ့သူကို့ဆိုနင့်ကိုပဲရွေးမှာ''

''ဗျာ..တကယ်လားးး''

''အင်း....''

သူကအပျော်လွန်ပြီးထွက်ပြေးသွားတယ်။ကျွန်မလည်းအိမ်ရောက်တော့သေချာပြန်စဥ်းစားတယ် ဒါကအဖြေပေးလိုက်တာလားမဟုတ်သေးပါဘူး။ရွေးမယ်လို့ပြောတာပဲချစ်တယ်လို့ပြောလိုက်တာမှမဟုတ်တာပဲဆိုပြီးနေလိုက်ပါတယ်။

ဒါပေမဲ့မနက်ကျောင်းရောက်တာနဲ့ပဲ သူက ကျွန်မအတွက်မုန့်အအေး အကုန်ဝယ်ကျွေးတယ် ငြင်းလဲ မရပါဘူး.....အတင်းတဇွတ်ထိုး။

အဲ့တာကကျွန်မတို့နှစ်ယောက်တွဲ ဖြစ်သွားတဲ့အကြောင်းရင်းပေါ့ နည်းနည်းပေါတောတောဆန်မှန်းသိပါတယ်.....။

သူကကျွန်မနဲ့စတွဲကတည်းက ကျွန်မနဲ့ပတ်သတ်သမျှအရာတိုင်းကိုဂရုစိုက်ပေးတယ် ကာကွယ်ပေးတယ် ဘယ်သူနဲ့မတူတဲ့အချစ်မျိုးနဲ့ချစ်ပေးတယ် သူက ကျွန်မကိုပြောဖူးတယ် ''ကျွန်တော်က မဆုချစ်တာမဟုတ်ဘူး မဆု မြတ်နိုးတာပါ''ဒါပေမဲ့ချစ်လားမေးရင်တော့မချစ်ဘူးလို့တခါမှမဖြေပါဘူး။

သူ့မှာကျွန်မမကြိုက်တဲ့အကျင့်လေးတွေတော့ရှိတယ်။သူကအရမ်းဖော်ရွေလွန်းတယ် လူအများနဲ့ပလူးပလဲအရမ်းလုပ်တယ် အထူးသဖြင့် မိန်းကလေးတွေပေါ့ သူမမှားပါဘူး တော်တော်များများက သူနဲ့စကားပြောပြိဆိုရင် ​ခြေပုတ်လက်ပုတ်ခေါင်းပုတ်နဲ့ ကျွန်မအမြဲတမ်းသူ့ကိုသဝန်ကြိတ်ပီးတိုတယ် ဒါပေမဲ့ ကျွန်မသူ့ကိုသဝန်တိုတယ်လို့တခါမှ မပြောဖူးခဲ့ပါဘူး။သင်တို့အနေနဲ့လည်း ကို့ကောင်လေး တခြားမိန်းကလေးတယောက်က ခြေပုတ်လက်ပုတ်စကားပြောတာကိုဘယ်သူမြင်ချင်မှာလဲ?ဟုတ်တယ်မဟုတ်လားး။

A lover who could not be forgotten(မေ့မရနိုင်ခဲ့သောချစ်သူ)Where stories live. Discover now