တံခါးတွန်းဖွင့်သံခပ်ပြင်းပြင်းနောက်မှာဆော့ဂျင်လန့်နိုးလာတယ်
အဒေါ်ကြီးတစ်ယောက်ဝင်လာပြီး
သူ့ကုတင်ဘေးကအဝတ်တွေကိုခြင်းထဲစုသိမ်းသွားတယ်ဆော့ဂျင်အိပ်ယာပေါ်ကထထိုင်ပြီးဘေးစားပွဲပေါ်ကနာရီကိုကြည့်လိုက်တော့ 11နာရီကျော်နေပြီ
နီညိုရောင်ဂျာကင်တစ်ထည်ကိုဆွဲဝတ်ပြီးတိုက်အောက်ကိုအမြန်ပြေးဆင်းလိုက်တယ် ဘောင်းဘီအိပ်ကပ်ထဲကကျိုးကြေနေတဲ့ဆေးလိပ်ကိုမီးညှိပြီးရှိုက်ဖွာရင်း လမ်းလျှောက်လာတာ ခပ်နှေးနှေး
ဟောင်ကောင်ရဲ့အလှကညဥ့်နက်မှတစ်ရိပ်ရိပ်တိုးလာသလိုခံစားရတယ်
ကုန်ထမ်းတွေနဲ့ရှုပ်နေတဲ့စျေးကအစားအစာတွေကတန်တယ်
သူညစာ စားနေကျခေါက်ဆွဲကဒီနေ့မှ
စျေးတက်သွားတယ် သူ့မှာဆေးလိပ်ဖိုးမကျန်တော့
မြို့ဒေါင့်ချိုးရဲ့ဘားတစ်ခုမှာဆော့ဂျင်ဝင်ထိုင်ပြီးသူ့သူငယ်ချင်းကိုစောင့်နေတာတော်တော်ကြာ"အော်စတင်..ဒီမှာ"
အနားစတွေရိ နေတဲ့ဂျင်းဘောင်းဘီနဲ့.အော်စတင်အတွက်ဒီဘားကသူ့ပိုင်နက်
ကော့တေးတစ်ခွက်မှာပြီး ဘေးအိတ်ကပ်ထဲကဆေးလိပ်ဘူးကိုသူ့ကိုကမ်းပေးလာသည်"ဆေးပါသုံးကြမယ်ပြောတယ် "
"ရတယ် ငါခံနိုင်တယ်"
"အေးခက်တာက ယောက်ျားတွေပါ ပါမှာတဲ့"
"ဘာ..!!"
အော်စတင် စကားကိုကြားပြီး ဆော့ဂျင်စိတ်တွေကရှုပ်သွားချက်ပဲ
ဟောင်ကောင်သူဌေးမလေးနဲ့အချိန်ဖြုန်းပေးရတဲ့အလုပ်က ပိုပိုနှောင့်လာတယ်"ယောက်ျားချင်းချင်းတော့မချသွားလောက်ပါဘူးဟ"
ပေါ့ပေါ့လေးပြောနေတဲ့အော်စတင်ကိုဆော့ဂျင်ဘာမှပြန်မပြောနိုင်
အိမ်က ကုတင်အောက်မှာငွေတစ်ပြားတောင်ရှိတော့တာမဟုတ်.
.ဘားအရှေ့မှာလာရပ်တဲ့ကားနှစ်စီးပေါ်ဆော့ဂျင်နဲ့အော်စတင်အပြိုင်တက်သွားလိုက်သည်
ဆော့ဂျင်တက်လိုက်တဲ့ကားပေါ်ကဖြစ်ချင်တော့ ခေါင်းခန်းမှာမှိန်းနေတဲ့
မဒီလေးကလွဲရင် အကုန်ယောက်ျားတွေချည်း ကားအကွေ့အရှိန်ပါသွားတဲ့ချိန်ဆော့ဂျင်ဘေးကိုယိုင်သွားတော့ သူ့ခါးကိုထိန်းဖက်လိုက်တဲ့ တက်တူးနဲ့လက်တွေကခပ်တင်းတင်း
YOU ARE READING
MidNight✔
Fanfictionဂျွန့်ရင်ဘက် ဘယ်ခြမ်းကနော့သန်ရောင်နီယွန်မီးသီးကဆော့ဂျင်ခြေဖျားတွေကိုနမ်းမိတည်းကကွဲထွက်သွားပြီ kookjin/oneshort