စပိုက်ဒါမန်း ကိုကို
" ရဝူးနော် အီဟယ်ကျန်းဂိုအဲ့ယိုယာမယုတ်နဲ့ မခံဝူးဗျ ဝူး..ဝူးး "
ခြောက်နှစ်သားလေးအီဟယ်ချန်း ဘောလုံးကန်တာရှုံးလို့ရပ်ကွက်ထဲကသူ့ထက်ငယ်တဲ့ကလေးတွေကိုရန်တွေ့နေခြင်းပဲဖြစ်ပါတယ်။ သူညစ်လိုက်တာတောင်ရှုံးသွားတော့ ငါးနှစ်သားလေးတင်းပြီလေ။
" တိုတိုကညစ်တာဂိုး တားတို့ကမှန်တယ်ဂျ "
ကလေးလေးကပြောပြီးပြေးသွားတော့ နောက်ကလိုက်လုပ်မယ်ဆိုပြီး မမှီမကမ်းလှမ်းဆွဲတာ အင်္ကျီစပဲမိလိုက်တယ်။
" လွှတ်လွှတ်! တားကိုအခုလွှတ်! တိုတိုနဲ့ဆော့ဝူး တိုတိုကညစ်တယ် "
အားနဲ့ရုန်းကန်နေပေမယ့် သူ့ကိုယ်သူကလေးခေါင်းဆောင်ဆိုပြီးမာန်တက်နေတဲ့ ကိုကိုအီဟယ်ချန်းဟာမလွှတ်ပေးပါ။
" မင်းကဟိုနေ့က မင်းမေမေမသိအောင် ငါရိုက်ထားတာဂို မမှတ်ပူးယား ဟမ်!! "
ကလေးလေးကိုအော်ပြီးရိုက်မယ်အလုပ် ကလေးရဲ့အမေကရောက်လာတော့ ငါးနှစ်သားလေးဒရမ်မာခင်းပါပြီ။
" ချစ်ချာညီယေး ကိုကိုနဲ့ဆော့မယ်မှတ်ယား ကိုကိုမုန့်ကျွေးမယ်ယေ။ ဟီးဟီး တီတီ တားညီယေးနဲ့ဆော့နာ "
" ဆော့တော့ဝူးမေမေ တားအိမ်ပြန်လိုက်မှာ "
" ဟင် ညီယေး ညီယေး ဆော့မယ်ယေလို့!! "
ဟယ်ချန်းတစ်ယောက်အော်ခေါ်နေပေမယ့် ကလေးလေးကတော့ငိုရင်းသူ့မေမေနောက်လိုက်သွားလေရဲ့ အကြောင်းကတော့ နောက်နေ့မင်းနဲ့တိုတိုထပ်ဆော့မယ်နော်လို့ပြောလိုက်လို့ ငိုသွားတာပဲဖြစ်ပါတယ်။ ရပ်ကွက်ထဲကကလေးတွေထဲမှာအကြီးဆုံးပေမယ့် စကားမပီလို့ဟယ်ချန်းကိုဘယ်ကလေးမှမလေးစားကြပါဘူး။
ဒီလိုနဲ့ပဲဟယ်ချန်းတစ်ယောက်ဆော့စရာအဖော်မရှိတော့လို့ အိမ်ကိုစိတ်ပျက်လက်ပျက်နဲ့ပြန်လာလိုက်တယ်။ လမ်းထဲကကလေးတိုင်းကဘာလို့သူ့ကိုညစ်တယ်ပြောလဲ ခြောက်နှစ်ကလေးတစ်ယောက်ရဲ့ဦးနှောက်တစ်ခုအနေနဲ့မတွေးတတ်တော့ဘူး။ သူကနိုင်ချင်လို့နည်းအမျိုးအမျိုးကြိုးစားကြည့်ယုံပါ။
YOU ARE READING
𝖬𝖺𝗋𝗄𝗁𝗒𝗎𝖼𝗄 (𝖮𝗇𝖾 𝗌𝗁𝗈𝗍 𝖼𝗈𝗅𝗅𝖾𝖼𝗍𝗂𝗈𝗇)
Fanfiction" ဖရဲသီးကိုကို " "ချောကလက်လုံးလေး ဟယ်ကျန်းနီး "