𝘓𝘦𝘵 𝘩𝘪𝘮 𝘨𝘰..[ 𝘰𝘯𝘦 𝘴𝘩𝘰𝘵 ]
" ကိုကိုကျွန်တော့်ကိုမစောင့်ခဲ့ဘူးပဲ "
" ကိုကိုမင်းကိုကြိုပြောခဲ့တယ်လေ "
" အရမ်းပျော်နေမှာပေါ့နော် ကျွန်တော်ဂုဏ်ပြုပါတယ် "
" အင်း "
-
1986 ခုနစ်။
နှစ်အတော်ကြာမှပြန်ရောက်ဖြစ်တဲ့နယ်လေးက အခုဆိုမြို့ငယ်လေးတစ်ခုအလား ဖွံ့ဖြိုးနေပြီပင်။ လွန်ခဲ့တဲ့ခြောက်နှစ်ကလို လူသူအရောက်အပေါက်သိပ်မရှိတဲ့ရွာလေးကလည်း အခုဆိုစည်းကားသိုက်မြိုက်နေ၏။" ဆရာလေး "
" ခင်ဗျာ "
" နေ့လည်စာအဆင်သင့်ဖြစ်ပြီ ဆရာလေးရဲ့ကျွန်တော်ဟိုဘက်ရွာကို သွားရမှာမို့ ဆရာလေးတစ်ခုခုမှာအုံးမလား "
" တော်ပြီဗျ ကျွန်တော်လဲနောက်နှစ်ရက်လောက်နေပြီး ပြန်တော့မှာဆိုတော့ အေးဆေးသွားပါ "
လွန်ခဲ့တဲ့ခြောက်နှစ်ကျော်က ကျောင်းဆရာပေါက်စလေးအီဟယ်ချန်းဟာ လူသူအသွားအလာရှားပါးတဲ့ ရွာလေးမှာ ကျောင်းဆရာအဖြစ်တစ်နှစ်ကျော်လုပ်ကိုင်ခဲ့သည်။ ကျောင်းသားဦးရေနည်းပါးတဲ့ အလယ်တန်းကျောင်းလေးကို ဟယ်ချန်းဟာသိပ်ကိုခင်တွယ်သည်။ အလယ်တန်းပြီးသွားတဲ့ကျောင်းသားတွေကိုတော့အခကြွေးငွေမပါဘဲ အထက်တန်းစာတွေသင်ကြားပေးသည်။ စစချင်းရွာဘက်ကိုတာ၀န်ကျလို့ ခက်ခဲမယ်ထင်ပေမယ့် ရိုးသားပြီးဖော်ရွေလွန်းတဲ့နယ်ခံတွေကြောင့် သက်သောင့်သက်သာနဲ့ နေထိုင်နိုင်ခဲ့သည်။
သူဒီရွာလေးကိုချစ်ပါသည်။ နယ်မြေအကန့်အသတ်ကျဉ်းပေမယ့် ရွာခံတွေရဲ့စိတ်ထားလှလှလေးတွေကတော့ ပင်လယ်ကြီးလိုကျယ်ပြောလှသည်။ တစ်နှစ်ကျော်လုံးသူအကောင်းဆုံးတာ၀န်ကျေအောင် ဆောင်ရွက်ခဲ့သည်။သို့ပေမယ့် သူမြတ်နိုးရတဲ့သူတစ်ဦးကိုတော့ ဆုံးရှုံးလိုက်ရလေပြီ။
" ဒီလောက်ဝေးတာ မသွားပါနဲ့လား "
" မသွားလို့မရဘူးလေ ကိုကိုရဲ့။ ကျွန်တော်အလုပ်ပြုတ်သွားမှာပေါ့ "

YOU ARE READING
𝖬𝖺𝗋𝗄𝗁𝗒𝗎𝖼𝗄 (𝖮𝗇𝖾 𝗌𝗁𝗈𝗍 𝖼𝗈𝗅𝗅𝖾𝖼𝗍𝗂𝗈𝗇)
Fanfiction" ဖရဲသီးကိုကို " "ချောကလက်လုံးလေး ဟယ်ကျန်းနီး "