Part 2

464 94 6
                                    

Unicode~

"မင်းသဘောကျတယ်မလား။ ကိုယ်လည်း ဒီတစ်ခုကို အတော်သဘောကျတာ"

ပန်းချီကားကို ငြိမ်သက်စွာ ငေးမောနေသူက Jovianအနားရောက်လာသည်ကိုပင် သတိပြုမိပုံမရပါ။ ပန်းချီကားကို အတော်လေးနှစ်ခြိုက်ဟန်။ အနည်းဆုံးတော့ Valerianက လူနှင့်လိုက်အောင် အနုပညာလက်ရာကို ခံစားတတ်သားဟု သူတွေးလိုက်စဉ် ရင်ဘတ်ထဲက အစိုင်အခဲကြီးတစ်ခု ပြုတ်ကျသွားသည့်နှယ် ပေါ့ပါးသွားရသည်။

"ဪ.."

Valerianက Jovianကို တစ်ချက်လေးလှည့်ကြည့်ပေမဲ့ ထိုအချိန်ဟာ နှစ်စက္ကန့်ထက်ပင်ပိုမကြာပါ။ ထို့အပြင် သည်ပန်းချီကားကလည်း သူ့အကြိုက်ဟုတ်မနေ။ တိုက်တိုက်ဆိုင်ဆိုင် ငြိမ်သက်စွာရပ်မိနေသည်အား အလွန်အကြူးကောက်ချက်ချလိုက်သော Jovianက သူ့အဖို့ သိပ်တုံးပါသည်။

"ကိုယ်တို့မနက်ဖြန် နန်းတော်မှာ တွေ့ရဦးမှာပဲနော်"

ကြည့်စမ်း.. မေ့နေလိုက်တာ။ ရေမြေ့သခင်ပြည့်ရှင်မင်းတစ်ပါးလုံး၏ အမိန့်ကိုတောင် သူဘယ်လိုမေ့ရက်နိုင်ပါသည်လဲ။ Ianသာ မပြောလျှင် ဒီတစ်ညတော့ နှစ်နှစ်ခြိုက်ခြိုက်နေထွက်ချိန်အထိ တစ်ရေးမနိုးစတမ်းအိပ်ပစ်ဦးမည်ဟု သူတွေးနေတာဖြစ်သည်။ တစ်ဆက်တည်းပင် သူမေ့နေသည်အား Ianက မမေ့သည့်အတွက် စိတ်ထဲချဉ်သွား၏။ ယခုတလော ရက်ဆက်တွေ့ဆုံနေရသည်ကလည်း မသက်သာလှချေ။

"မင်းသမီးလေးလည်း ရောက်နေပြီလို့ ပြောတယ်"

"မင်းက အဲဒါတွေဘယ်ကကြားလာတာလဲ"

"တစ်ခါတလေတော့လည်း အိမ်ပြင်ထွက်ပြီး သတင်းလေးဘာလေးနားစွင့်ဦးပေါ့ Val. ရဲတိုက်ထဲမှာပဲ ရေခဲတုံးကြီးလို လုပ်မနေစမ်းပါနဲ့"

'ဒါတွေမင်းလိုက်ပြောနေစရာလား'ဟု ပြောထွက်ဖို့ရာ လက်တစ်ကမ်းသာလိုသည်။ သက်ပြင်းမျှင်းမျှင်းကလေးကို လူမကြားရုံချ၍သာ Jovianကို ကျောပေးရပ်နေလိုက်သည်။ တစ်ဆိတ်.. သည်ပန်းချီကားကို လှတယ်ထင်နေသည့် Jovianကို သူနားမလည်သေးလို့။ လူပုဂ္ဂိုလ်မဆိုထားနှင့် တိရိစ္ဆာန်တောင်မပါဝင်သော ရှုခင်းသာသည့်ပုံရိပ်လည်းမဟုတ်သော ဟိုခြစ်သည်ခြစ်ခြယ်သထားသည့်ပုံက ဘာများသဘောကျစရာရှိနေလို့လဲ။

𝐍ℐℛ𝒱𝒜𝒩𝒜: 𝐈𝓃 𝐃ℯ𝓃𝒾𝒶𝓁 Where stories live. Discover now