ငါးဆယ့္နွစ္(U+Z)

2.7K 128 13
                                    

Unicode

ရောင်ခြည်တွေဖြာထွက်နေသည့်
ဘုရားစင်ရှေ့မှတစ်စက်ကလေးမှမခွာဘဲ တစ်စုံတစ်ယောက်အတွက်ရည်ရွယ်ကာ ဆုတစ်ခုကို တောင်းနေတဲ့ မောင့်မျက်နှာ၌ စိုးရိမ်မှုနဲ့စိတ်လှုပ်ရှားမှုတွေ ဆတူပေါင်းစပ်နေလေသည်။လက်အုပ်ချီကာ ဆုတစ်ဆုကိုသာ သည်းသည်းမဲမဲတောင်းနေသည်က အကြိမ်ရေပင်မနည်းတော့။
ညသန်းခေါင်ဆိုသော်ငြား ရပ်ကွက်ထဲ၌အတော်လေးဆူညံကာ ရှုပ်နေလေသည်။

တက္ကသိုလ်စာမေးပွဲအောင်စာရင်းထွက်မည့်နေမို့ ထိုအရွယ်ကျောင်းသားရှိသည့်မိဘတိုင်းရင်တထိတ်ထိတ်နဲ့ စောင့်မျှော်နေကြသည်။ထိုမိဘတွေထဲ နုနဲ့မောင်လည်းအပါအဝင်ပင်။ညကိုးနာရီလောက်ကတည်းက ဘုရားစင်ရှေ့မှာ ဆီးမီးသက်စေ့၊ရေချမ်းသက်စေ့ကပ်ကာ မြူနှင်းအတွက် ဆုတောင်းပေးနေရှာတဲ့ မောင့်မေတ္တာတွေဟာ လိုတာထက်ပိုကာ လေးနက်လွန်းနေသည်။

"မောင် ခဏနေဆို အောင်စာရင်းကြည့်လို့ရတော့မှာနော်"

"မောင်သိတယ်အန်တီ။မောင်လည်းအဲ့အချိန်ကိုစောင့်နေတာ"

          ဘေး၌ ရှိနေသည့် ဖုန်းကိုမောင်သည် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ မျက်ဝန်းများကိုမှိတ်လိုက်လေသည်။နုသည်လည်း မောင့်ထက်မလျော့တဲ့ မေတ္တာနဲ့ စိတ်ထဲကသာ ဆုတောင်းနေလေသည်။

"အင်း အန်တီကြည့်လို့ရပြီထင်တယ်"

      ဖုန်းမှန်ပြင်ကိုထိတွေ့နေတဲ့မောင့်လက်တွေတုန်ယင်နေတာ သိသာလွန်းနေသည်။မြို့နယ်အလိုက်၊တိုင်းအလိုက်၊ခုံအမှတ်စဉ်အလိုက်ရှာဖွေရသည်မို့ ထင်သလောက်တော့မမြန်ပေ။ရင်ခုန်စိတ်လှုပ်ရှားနေသည်မို့ စိတ်ကိုအတတ်နိုင်ဆုံးထိန်းထားရပြန်သည်။

"ကြွယ်မြူနှင်းမောင်"

       ခုံနံပါတ်တစ်ခုနဲ့အတူယှဉ်တွဲကာမြင်ရတဲ့
အမည်နာမလေးလေးလုံး...။မောင်ကိုယ်တိုင်မှဲ့ပေးခဲ့သည့် အမည်နာမလေးဟာ ထင်ရှားလွန်းနေလေသည်။ထိုအမည်နာမအနောက်မှာ မြင်ရတဲ့ စကားစုတွေကြောင့် မောင်စိတ်တွေလွတ်ကာ အော်မိလေသည်။

"အန်တီ သမီးက ဂုဏ်ထူးလေးခုတောင်ပါတယ်"

"ဟုတ်ပါ့ကွယ်။တို့တွေသမီးလေးကသိပ်တော်တာပဲ"

"မောင့်ကြင်နာသူ"Where stories live. Discover now