"ဟျောင့်...နာနွန် ထတော့"
မနက်4နာရီသာရှိသေးသည်ကို အလောတကြီးနာနွန်အား လှုပ်နှိုးနေသည်။
"ဟမ်..ဘာလဲဟာ...ဘယ်နှနာရီရှိပြီလဲ"
"4နာရီတောင်ရှိနေပြီလေဟာ...ငါ့အချစ်ကလေးဆီသွားရအုန်းမယ်"
"နင့်မေရှီးးးးလ်ပဲ အစောကြီးရှိသေးတာကို ဟိုကဆိုင်ခင်းတုန်းရှိသေးတယ်နေမှာ"
"ဘာပဲဖြစ်ဖြစ်..ငါသူဆိုင်ခင်းတာလေးကအစမြင်ဖူးချင်တာ"
"အေးအေးအဲ့မှာရူးနေလိုက်"
"ရူးတယ်ဟာ...ရူးတယ် သူမကြောင့်"
"ထိန်းမနိုင်သိမ်းမနိုင်...လာလာ သွားမယ်ပြင်ဆင်တော့"
"ငါကပြီးပြီ"
"အမလေး အခုမှကြည့်မိတယ် ချောမောနေတာပဲ"
ဂျာကင်အမဲကို အောက်ကတီရှပ်အဖြူကို ဂျင်းဘောင်းဘီအောက်တွင်ထည့်ကာ စတိုင်မိမိုက်နေသော နွေဦးလပ်ဖ်တစ်ယောက်။
"မင်းကတော့ ပြင်ဆင်အနေနဲ့တော့ဒီတိုင်းသာလိုက်"
"ဆုတောင်းလေ...ငါကျအိပ်ချင်မူးတူး ရုပ်နဲ့သွားရမယ်ပေါ့ တော်တော်ကောင်းတဲ့သူငယ်ချင်း"
နာနွန်လည်းပြင်ဆင်ရန်အဝတ်လဲခန်းထဲသို့ဝန်သွားသည်။ပြန်ထွက်လာတော့....
ဂျင်းဘောင်းဘီအတိုကို အပေါ်က hoodie အပွက ဖုံးထားပြီး အုပ်ထုတ်အဖြူလေးနဲ့ ချစ်ဖို့ကောင်းနေ။
"ဘယ်နားသွားသွားခေါင်းစုတ်ဖွားနဲ့ကောင်ကအခုကျသန့်ပြန့်လို့"
"စကားမများနဲ့လာသွားမယ်"
.
..
.
.
.
.
.
.
.
.
."မမ ကျွန်တော်ပြောစရာရှိလို့"
ဆိုင်ဖွင့်ရန်ပြင်ဆင်ပြီးသည်နှင့်စာရင်းစာပွဲနားတွင်အလုပ်ရှုပ်နေသော ပန်ဆအား အုံ မှလှမ်းခေါ်လိုက်သည်။
"အင်း ဘာပြောမလို့လဲ"
အမြဲအေးတိအေးဆက်သာပြန်ဖြေတတ်သည်ကား အုံအတွက်အထူးအဆန်းမဟုတ်တော့ခြေ။သူဒီမှာပျော်မနေဘူးလေ။
YOU ARE READING
//အင်းလေးသို့ အလည်တစ်ခေါက်//
Fanfictionအင်းလေး ကမပြန်ချင်တာထက် အင်းလေးမှာရှိတဲ့ အမျိုးသမီးလေးဆီက မထွက်သွားချင်တာ....