Ep-1

439 60 5
                                    

Uni

---

Doctor Victor Valentines -

ဆိုင်းဘုတ်ကို ဖြုတ်ပြီး အံဆွဲထဲကို
အသေအချာ ထည့်ပြီးနောက် သော့ကို
အိမ်ပိုင် ရှင်အပ်ခဲ့လိုက်သည်။
အိမ်ပိုင်ရှင်က ဆရာဆေးမကုတော့တာလား
ဆိုတော့ရယ်ပြီး ခေါင်းရမ်းပြရသေးသည်။

" မြို့ တစ်မြို့ကိုခရီးသွားစရာရှိလို့ပါ"

"ဟိုတစ်ခါပြောပြောနေတဲ့တူလေးဆီထင်တယ်"

" အိုး ဟုတ်တယ် ponny ဆီ သွားမလို့"

တစ်ကယ်တန်းတူလေးဆိုပေမယ့် သူနဲ့ထို
ဆံဝါလေးနဲ့ကဘာဆိုဘာမှသွေးသားတော်
စပ်ခြင်း မရှိပေ။ ponnyက Victor အမ
ခေါ်မွေးစားထားခဲ့တဲ့ကလေးတစ်ယောက်
သက်သက်ပဲ မမအမျိုးသားဆုံးတာ လွန်ခဲ့တဲ့တစ်နှစ်က မမဆုံးတာကတော့လွန်ခဲ့တဲ့
အပတ်ကမှ တစ်ယောက်တည်းကျန်ခဲ့တဲ့
Ponny က အခုထိအိမ်ထဲက အိမ်ပြင်မထွက်
ဘူးလို့ ပြောကြတယ်။

" မြို့ကလာတာလား"

" ဟုတ်တယ်ဗျ Ponny ဆီလာလည်တာ"

" ဆံပင်ဝါဝါတွေနဲ့ကောင်လေးဆီလား"

"ဟုတ်တယ်ဗျ"

Ponny လို့ဆိုတာနဲ့ မျက်စိမျက်နှာပျက်နေတဲ့
လူတွေကို မကြည်စွာကြည့်ကာ Victor ဟာ
ဆီဖြည့်ရင်း ပိုက်ဆံပြန်အမ်းမှာကိုပင်
မစောင့်တော့ပဲ အတင်းမောင်းထွက်
သွားခဲ့သည်။ အသက်ကွာလဲ Victor ဟု
ခေါ်တတ်သော ponnyလေးနဲ့ မတွေ့ရတာ
မမဒီမြို့လေးကိုပြောင်းသွားကတည်းကပင်
ဖြစ်သည်။

ပြောရမှာရူးကြောင်ကြောင်ဖြစ်နေပေမယ့်
Victor ဒီမြို့ကို လာတာပထမဆုံးဖြစ်သည်။
မမနာမည်နဲ့ မေးရင် ရယ်ရယ်မောမောဖြေကြပေမယ့် ponnyဟုသုံးနှုန်းလိုက်လျှင်
မျက်နှာပျက်ကုန်ကြတဲ့ နယ်ခံတွေကိုသူမေးခွန်း
မထုတ်ချင်တော့ပါ မမကိုယ်တိုင်ကိုက
သူ့သားလေး စိတ်ကျန်းမာရေး မူမမှန်တော့ဘူး
လို့ သနားစရာကောင်းစွာသူ့ကို တိုင်တန်းခဲ့တာ
ပဲလေ

" ဒီကလူလေး အဲ့အိမ်ကိုသွားမလို့လား"

"ဟုတ်ကဲ့ တူလေးကို လာခေါ်တာပါ"

သော့ခတ်မထားဘဲစေ့ရုံစေ့ထားတဲ့ခြံတံခါးကို
ဆင်းဖွင့်ရန်ကားပေါ်ကဆင်းစဉ်အနားကို
လူတစ်ယောက်ရောက်လာပြီးစပ်စုနေခြင်း
ဖြစ်ပါသည်။ Victor ဟာ သူ့နှုတ်ခမ်းအောက်
ကမှဲ့နက်ကလေး လွင်ကနဲပေါ်သွားအောင်
ပြုံးရယ်လျက်ပဲ ပြန်ဖြေကြားခဲ့သော်လည်း
ထိုသူဟာ လေသံတိုးတိုးဖြင့်သူ့ကို ခြောက်လှန့်
သွားသယောင်ပင်ရှိသည်။

! WELCOME HOME !Where stories live. Discover now