Ep-3

145 29 4
                                    

Uni

__________

"မိန်းမ ငါ ကလေးတစ်ယောက်လိုချင်တယ်"

ယောကျ်ားဖြစ်သူဆီက စကားကြောင့်
သူ(မ)မျက်နှာ ငြိုးကျသွား၏
သားအိမ် မကောင်းလို့ ကလေး မရနိုင်ကြောင်း
သိရတုန်းက သူတို့ လင်မယားနှစ်ယောက်
ညလုံးပေါက်ဖက်ငိုခဲ့ကြရပြီးပြီဖြစ်သော်လည်း
သူ(မ)ယောကျ်ားက ထပ်မံ ဆိုလာပြန်၏

"ဟေးအဲ့လို မျက်နှာ မလုပ်ပါနဲ့ မွေးစားလို့ရတာပဲ လေ"

"ကောင်းပြီအချစ်ကျွန်မတို့ ချစ်စရာ
သားငယ်လေး မွေးစားကြမယ်လေ"

လအနည်းငယ်ကြာတဲ့အခါ ဇနီးဖြစ်သူဟာ
ဆံပင်ဝါဝါလေးတွေ ပါတဲ့ ကလေးဖြူဖြူ
လေး တစ်ယောက်ကို သူတို့ဘဝထဲ
ခေါ်လာခဲ့သည်။ ချစ်စရာကလေးငယ်ဟာ
သူတို့တစ်မိသားစုလုံးရဲ့အချစ်ကို
ရောက်ရောက်ချင်းမှာပဲ အပိုင်သိမ်း
သွားခဲ့၏

"Ponny လေးရေ "

" Victor နဲ့ ကျန့်ကျန့်က ကျဲကလေးကို
နာမည်တောင်ပေးပြီးပြီလား"

"ဟီး သူကပွန်ညိုလေးလို ချစ်ဖိူ့ကောင်းလို့လေ"

မိဘနှစ်ပါးလုံးမရှိတော့ပေမယ့်
မောင်နှစ်ယောက်ရောယောကျ်ားဖြစ်သူ
ကပါ သူ(မ)ရှေ့ကနေ တံတိုင်းကြီးလိုကာကွယ်
စောင့်ရှောက်ပေးခဲ့ကြသည်။
ဒါပေမယ့် ဘာတွေဘယ်လို ပြောင်းလဲသွား
လည်းဆိုတာ အဖြေရှာမရခဲ့
အဆိုးဝါးဖြစ်ရပ်တွေရဲ့နောက်ကွယ်က
အမှန်တရား ကိုသိခွင့်တောင်သူ(မ)မရခဲ့ဘူး

" သား!! ဘယ်ကောင်မလေးကိုမှမကြိုက်ရဘူး ကြားလား "

"အချစ်ကလေး သူလည်း ဆယ်ကျော်
သက်ဖြစ်နေပြီပဲကို "

"မရဘူး!!!ငါ့သားလေးက အမြဲ ငါ့ကလေးလေးပဲ"

အဖအရင်းမဟုတ်သော်ငြားသဝန်တိုလွန်းတဲ့
ယောကျ်ားဖြစ်သူ ဟာPonny အပေါ်
တအား တင်းကျပ်၏
အမြဲ သမီးရည်းစားကိစ္စ အရှုပ်အရှင်းကင်းခဲ့တဲ့သားဖြစ်သူသည်
သူ(မ)မောင်အရင်း ဖြစ်တဲ့ Victor နဲ့
သံယောဇဉ်တွေ ညှိတွယ်နေကြပြီဆိုတာကို
သိတဲ့အခါ အရာအားလုံးဟာပျက်စီးစပြုလာ
ခဲ့သည်။ အရာအားလုံးဟာ ထိုနေရာမှာ
အစပြုခဲ့သည်။

! WELCOME HOME !Where stories live. Discover now