To You

989 122 16
                                        

"ပါပါး ​နေ​ရော​ကောင်းရဲ့လား"

ဒီတစ်​ခေါက်​တွေ့ရတဲ့ ပါပါးရဲ့မျက်နှာ​လေးက ခါတိုင်းထက် ပိုပြီးဖြူ​ဖျော့​နေတာကို ယူဂျင်း အားမရ။

အတူ​နေခဲ့စဥ်ကလို ဖျတ်ဖျတ်လတ်လတ် မဟုတ်​တော့ဘဲ လူလတ်ပိုင်းအရွယ်​ရောက်​နေပြီဖြစ်တဲ့ ပါပါးက ဟိုးတုန်းကနဲ့ယှဥ်ရင် အများကြီးပိန်ကျသွားတာ သိသိသာသာပါပဲ။

ပုံပန်းသွင်ပြင်သာမက ပါပါးရဲ့စိတ်က​လေးကလည်း ခါတိုင်းနဲ့မတူ​အောင် ​ထိလွယ်ရှလွယ်ပြောင်းလဲသွားတာက ကြားဖူး​နေသလိုမျိုး စိတ်ကျ​ရောဂါရဲ့လက္ခဏာတစ်စိတ်တစ်ပိုင်းများလားလို့ တွေးမိ​တော့ ယူဂျင်းစိတ်ထဲ နင့်ခနဲ။

အရင်တစ်​ခေါက် ပါပါးရဲ့အိတ်​ထဲက ​ဆေး​ဘူး​လေးကို မ​တော်တဆမြင်ပြီးကတည်းက ယူဂျင်း သံသယဝင်ခဲ့တာဖြစ်ပြီး ​​ထုတ်​မေးလိုက်ရင်လည်း အမှန်အတိုင်းပြန်​ဖြေမှာမဟုတ်လို့ တိတ်တိတ်​ကလေး စုံစမ်း​နေခဲ့တာ။

"​​နေကောင်းပါတယ် က​လေး​လေးရဲ့၊ ပါပါး ဒီရက်ပိုင်း နည်းနည်းအလုပ်ရှုပ်​တော့ အိပ်​ရေးပျက်​နေလို့"

"ပါပါးရဲ့ပန်းဆိုင်က Order ​တွေ အရမ်းများ​နေလို့လားဟင်။ ကျွန်​တော် လိုက်ကူ​ပေးရမလား။ ပြန်ရင် အတူလိုက်ခဲ့မယ်​လေ"

"မဟုတ်တာ .. သား လိုက်ကူ​ပေးရအောင်အထိလည်း မများပါဘူး"

ဆယ်စုနှစ်တစ်ခုနီးပါးကြာလာတဲ့အထိ ယူဂျင်းဆီကို သုံးလတစ်ခါ မပြတ်မကွက်​ရောက်လာတတ်တဲ့ ပါပါးက ကျန်တဲ့အချိန်​တွေမှာ​တော့ ယူဂျင်းနဲ့မ​တွေ့​အောင် ​ရှောင်ပုန်း​နေတတ်တယ်။

သုံးလတစ်ခါ​တွေ့ခွင့်ရတာကိုပဲ အထူးအခွင့်အ​ရေးတစ်ခုလိုသတ်မှတ်ပြီး ​​ကျေးဇူးတင်​နေတတ်တဲ့ပါပါးက တစ်ဖက်လူ ငြိုငြင်​လောက်မယ့်အပြုအမူ​တွေ မလုပ်မိ​အောင် တတ်နိုင်သမျှ ​ဆင်ခြင်​တယ်။ ယူဂျင်းဘက်က​ လိုလိုလားလား သူ့ဆီကိုလာ​တွေ့ချင်တဲ့အ​ကြောင်း ​ပြောရင်​တောင်မှ ပျာပျာသလဲငြင်းဆန်တတ်ပြီး အခွင့်အ​ရေးယူတတ်တဲ့သူအဖြစ် ဒယ်ဒီက မြင်သွားမှာကိုလည်း ​သေမ​လောက်​ကြောက်ရှာတယ်။

Ephemeral SoulWhere stories live. Discover now