ရောင်ခြည်လို့အမည်တွင်စေခဲ့သည်
မိဘမဲ့ဂေဟာကျောင်းဝင်းအတွင်းရှိ ခုံတန်းတစ်ခုတွင်
ကောင်းလေးနှစ်ယောက်အတူထိုင်လျက်
"သက်ဝေ"နှင့် "ဝေယံ"နှစ်ယောက်အနက်
"သက်ဝေ"ဆိုတဲ့ကောင်လေးဘက်မှာ
စကားစဆိုလာခဲ့သည်•••••သက်ဝေ: "ကိုယံ"
ဝေယံ:ဗျာ!!!!
သက်ဝေ: "သက်ဝေ"တို့မိဘတွေက ဘာလို့ ခုလို့ဂေဟာမျိုးမှာ စွန့်ပစ်ကြလဲ မသိဘူးနော် တစ်ခါတလေတော့လဲ ဒီဘဝကြီးကို သိပ်မုန်းတာဘဲ......
"ဝေယံ"တစ်ယောက် ကိုယ်ချစ်ရတဲ့"သက်ဝေ"ရဲ့ ရင်တွင်းခံစားချက်တွေကို နားထောင်ပြီ ကိုယ်တိုင်က
မိဘမဲ့ကလေးတစ်ယောက် ဖြစ်နေရတာကြောင့် ထိုခံစားချက်ကိုထပ်တူခံစားဖြစ်နေတယ်....ဝေယံ: "ကိုယံ" နားလည်ပါတယ် ဘာဘဲဖြစ်ဖြစ်ပါ "သက်ဝေ" မိဘတွေအပေါ် အပြစ်မမြင်စေချင်ဘူး သူ့တို့လဲ သူ့တို့အကြောင်းနဲ့ သူတို့ရှိနေမှာပါ ဘာဘဲဖြစ်ဖြစ် "သက်ဝေ"ကို စွန့်လွှတ်ခဲ့တယ်ဆိုပေမဲ့ လူလောကအလယ်ကို အသက်ရှင်နေထိုင်စေဖို့ရာ မွေးထုတ်ပေးခဲ့တယ် ကျွေးကျေးဇူးမရှိခဲ့ပေမဲ့ မွေးကျေးဇူးရှိခဲ့တယ်လေ......
သက်ဝေ:ကတိပေးနိုင်မလား......
ဝေယံ:ဘာကိုလဲ "သက်ဝေ"ရယ်....
သက်ဝေ:သူ့တို့လို့ဘဲ "သက်ဝေ"ကို မထားခဲ့ဘူးမလား•••
"ဝေယံ"တစ်ယောက် သူရှေ့မှာ ဆူပုတ်ပုတ်လေးနဲ့ လက်သန်းနဲ့ချိတ်ပြီကလေးတစ်ယောက်ပမာ ကတိတောင်းနေတဲ့ ပုံစံလေးကိုကြည့်ပြီ အသဲတွေအူတွေယားလျက် အမြဲအချစ်တွေပိုနေရတယ်........
ဟုတ်ပါတယ် သူတို့နှစ်ယောက်အနက် "ဝေယံ"လေးကတော့ မိဘနှစ်ပါးသွားပြီဖြစ်ပါတယ် "သက်ဝေ"လေးကတော့ နောက်မှာရောက်လာတဲ့ ကလေးပေါ့ အသက်ချင်းကလဲ သုံးနှစ်လောက်တာကွာတာကြောင့် ဂေယာမှူး "ဒေါ်စု"က
အသက်ကြီးတဲ့ "ဝေယံ"လေးကို "သက်ဝေ"ဆိုတဲ့ ကောင်လေးနဲ့အတူ နာမည်ဆင်တူမှည့်ပေးခဲ့သည်.......သက်ဝေ: "ကိုယံ" ဘာတွေပြုံးနေတာလဲ......
ဝေယံ:ဟမ်....ဘာမှာမပြုံးပါဘူး.....