"မောင့်!"
"ဗျာ~!"
တံခါးဝကနေ ခေါင်းလေးထုတ်ပြီး မရဲတရဲပုံစံနဲ့ သူ့ကိုကြည့်နေတဲ့ Lixလေး ။
"ဝင်လာလေ ဘာလို့အဝမှာနေ,နေတာလဲ"
"လာ မောင့်ပေါ်မှာ လာထိုင်"
စကားဆုံးတာနဲ့ အခန်းထဲကိုဝင်လာပြီး Jeongin အပေါ်မှာဝင်ထိုင်တော့တာပဲ ၊ လမ်းလျှောက်တဲ့ပုံက ကြက်ပေါက်စလေး လုံးတုံးလုံးတုံးနဲ့ ပြေးနေသလိုပဲ ။
ရင်ခွင်ထဲမြုပ်နေတဲ့ Lixရဲ့ ဆံသားဖောင်းဖောင်းလေးကိုငုံ့နမ်းရင်း
"ဘာလုပ်ချင်လို့လဲ ပြော မောင့်ကို"
"ဘာမှမလုပ်ချင်ပါဘူး မအိပ်ချင်လို့"
"11နာရီတောင်ကျော်နေပြီလေ အသက်ရယ် အိပ်ရမှာပေါ့"
"တွေ့လား!လူကိုတွေ့တာနဲ့ ဆူဖို့ပဲ ၊ ဒီက သူနဲ့အိပ်ဖို့စောင့်နေတာကို"
Jeongin ရင်ဘတ်ကို လက်ညှိုးသေးသေးလေးနဲ့ထိုးလို့ နှုတ်ခမ်းလေးတစ်ချွန်ချွန်နဲ့ပြောနေတာများ ပိတ်နမ််းချင်စရာ!
"မောင်ကမချစ်တော့ဘူးမလား!"
"ချစ်တာပေါ့ ဘာလို့အဲ့လိုပြောရတာလဲ ၊ မောင်ကချစ်လွန်းလို့ မောင်အသက်ရှင်ရတဲ့အကြောင်းအရင်းလေးမလို့တောင် အသက်လို့ခေါ်တာလေ"
"ဟွန့်!သွားပါ အပို!"
နှုတ်ခမ်းလေးစူလိုက်ပုံက တစ်ကယ်ချစ်စရာ ၊ ဟော~အခုလည်း Jeongin ရင်ခွင်ထဲ တိုးဝင်သွားပြန်ပြီ ။
____ပေါင်ပေါ်တင်ထားရတာကြာလာတော့ ခြေထောက်တွေတောင်ကျဥ်ချင်လာသလို ၊ ဒါပေမဲ့လည်း နှိုးမှမနှိုးရက်ပဲ ။
"အသက်~မောင့်အသက်~"
ဟော~လုံးဝ အိပ်ပျော်သွားပြီ ၊ ဒီပုံစံအတိုင်းဆို အိပ်ခန်းထဲကို ချီပြီးခေါ်သွားရမဲ့ပုံပဲ ။
အိပ်နေတဲ့Lixရဲ့မျက်နှာလေးကို တစ်စိမ့်စိမ့်ကြည့်ရင်း ဆံသားဖောင်းဖောင်းအိအိလေးတွေကို ဖွဖွလေးပွတ်သတ်နေလိုက်တယ် ။
Love at first sight ဆိုတဲ့စကားက Jeongin အတွက်တော့ တစ်ကယ့်အစစ်အမှန်ပဲ ။
Felix ဟာ Jeongin အတွက်တော့ ပူပြင်းတဲ့ သဲကန္တာရထဲက အိုအေစစ်ပဲ ၊ နောက်ဘဝတွေ အတိတ်ဘဝတွေအကြောင်း Jeongin မသိပေမဲ့ ဒီဘဝမှာတော့ သူအသက်ရှင်ရတဲ့အကြောင်းအရင်းဟာ Felix ပဲ ၊ 16နှစ်အရွယ်မှာသဘောကျခဲ့တဲ့ ဘေးအိမ်ကိုပြောင်းလာတဲ့ လူသစ်ကလေး Felixက သူ့တစ်ဘဝလုံးအတွက်ဘေးနားမှာရှိနေစေချင်ခဲ့တဲ့သူပဲလေ ။