1. (Zawgyi)

46 3 0
                                    

.
.
.
.
.
.
.

>>>>>>>>>

ကြီးကျယ်ခမ်းနားလှသော ရဲတိုက်ကြီးတစ်ခု၏ အခန်းတစ်ခုအတွင်း အလုပ်စားပွဲတွင် မျက်မှန်တပ်ရင်း အလုပ်လုပ်နေသူက ဂျပန်နိုင်ငံရော ကမ္ဘာအနှံမှာပါ အချမ်းသာဆုံးနဲ့ နာမည်အကြီးဆုံး အမျိုးသား Dracule Mihawkဖြစ်သည်။ Mihawkရဲ့ အရှေ့တွင်တော့ အနက်ရောင်ဝတ်စုံအပြည့်နှင့်လူတစ်ယောက်က ခေါင်းငုံလျက်‌အနေအထားနှင့် ရှိနေသည်။

"သခင်လေး Zoro ပြန်ရောက်ပါပြီ သခင်ကြီး"

"အခန်းထဲ လွှတ်လိုက်"

"ဟုတ်ကဲ့"

လက်အောက်ငယ်သား ထွက်သွားပြီး မကြာခင် Zoroက အခန်းထဲ ဝင်လာသည်ကို မြင်တော့ ကိုင်ထားတဲ့ ဖောင်တိန်ကို ချလို့ သားဖြစ်သူအား စူးစိုက်ကြည့်လိုက်သည်။ ခပ်တိုတိုရေညှိစိမ်းရောင်ဆံပင်နှင့် ဘယ်ဘက်မျက်လုံးက ဒေါင်လိုက် ဒဏ်ရာကြောင့် အသက်အရွယ်နှင့်မလိုက်အောင် လူကြီးရုပ်ပေါက်နေကာ ရင့်ကျက်နေသူက အခုမှ 23နှစ်သာ ရှိသေးသည့် လူငယ်လေး။

"ဘာကိစ္စရှိလို့လဲ"

"မနက်ဖြန် Perona ပြန်ရောက်မယ် အဲ့ဒါကြောင့် ဒီနေ့နဲ့မနက်ဖြန် မင်း ဘယ်မှမသွားနဲ့"

"ကျွန်တော့်မှာ အလုပ်တွေ ရှိသေးတယ်"

မျက်ခုံးတွေ တွန့်ချိုးလို့ Zoro က ဘဝင်မကျသလို ပြောလာသည်။ အထက်တန်းကျောင်း ပြီးကတည်းက ကော်လိပ်ဆက်မတက်ဘဲ မွေးစားအဖေဖြစ်သူ Mihawkရဲ့ အလုပ်တွေ ဝင်ကူနေသူက အခုလက်ရှိလည်း Peronaဆိုတဲ့ Zoroရဲ့ သွေးမတော် သားမစပ်တဲ့ အစ်မရဲ့ ကုမ္ပဏီကိုပါ အစားဝင်အုပ်ချုပ်ပေးနေရသလို မြေအောက်လောကထဲ ကျင်လည်နေသူမို့ Zoroဟာ တစ်လမှာ တစ်ခေါက်၊နှစ်ခေါက်လောက်သာ အိမ်ကို ပြန်ဖြစ်ရတဲ့အထိ အားလပ်မှုမရှိသူ ဖြစ်သည်။

"မြေအောက်လောကထဲ မဝင်ချင်ဘူးဆိုပြီး ပြောခဲ့တဲ့ကောင်က အခုတော့ အဲ့ဒီလောကနဲ့ အဆင်ပြေနေပြီပေါ့"

"ဟုတ်တယ်...အဲ့ဒါ ပြောမို့မလား ကျွန်တော်အခုမအားဘူး ညကျ အလုပ်တွေပြီးရင် ပြန်လာခဲ့မယ်"

ပြောပြီးထွက်သွားသူရဲ့ ကျောပြင်ကို ကြည့်ပြီး Mihawk သက်ပြင်းအသာချလို့ ခေါင်းယမ်းမိသည်။ Zoroဟာ ပြောမကောင်း၊ဆိုမကောင်း တစ်စွတ်ထိုးကောင်လေးဆိုပေမယ့် သူ့အလုပ်တွေနဲ့ပတ်သက်ရင်တော့ ပြောစရာမရှိအောင် အကုန်လုပ်ပေးသည်။ အခုလည်းကြည့်၊ လွန်ခဲ့သော တစ်နှစ်က မြေအောက်လောကထဲ ဝင်ဖို့ စိတ်မကူးမရှိဘူး ပြောခဲ့တဲ့ကောင်က အခုဆို King of Hellဆိုတဲ့ နာမည်တစ်ခုနဲ့ အတော်လေး နာမည်ကြီးနေပြီ ဖြစ်သည်။ အလုပ်နဲ့ပတ်သက်လာရင် ညှာတာမှုမရှိ ရက်စက်တက်သူ King of Hell တစ်နည်းဆိုရလျှင် Roronoa Zoro ဆိုသည့် အမည်နာမ ကြားသည်နှင့် ကြောက်ဒူးတုန်နေကြသူများဟာ ဒုနဲ့ဒေး။

♡ The Love Of Blind Boy ♡ [ZoSan Fanfic] (Uni & Zawgyi)Where stories live. Discover now