ကြယ်တွေ စုံနေသည့် ညတစ်ညတွင် အိမ်ရှေ့သို့
"ဗျို့ မြို့သားလေး ကိုဟန်မင်းမြတ်ရေ လာတော့လေ ဗျာ"
အိမ်ရှေ့မှ လှမ်းခေါ်နေသည့် လူများကို
ခေတ်လွှမ်းထင် ပြတင်းပေါက်မှ လှမ်းကြည့်
လိုက်သည်။ ရွာထဲက လူပျိုအဖွဲ့ ထဲမှ လူ ၅ ယောက်လောက်က ဂီတာ ၂ လက်ကို ကိုင်ပြီး အော်ခေါ်နေသည်။ ဟန်မင်းမြတ်ကလဲ သွား
ချင်လွန်းလို့ ဖင်တကြွကြွ ခေတ်လွှမ်းသူလဲ
လိုက်ချင်နေသည့်ပုံရသည်။"ဘာဖြစ်နေတာလဲ အဲ့တာ ၂ ယောက်သား"
"ဟိုလေ မောင်တို့ ဒီည သီချင်းဆိုဖို့ချိန်းထားလို့"
"ဘယ်မှာဆိုမှာလဲ"
"ဟိုလေ ရွာထိပ်က အပျို....."
"ဘာမှ မကြားချင်ဘူး ဆက်မပြောနဲ့ သီချင်းဆိုချင်ရင် ဒီခြံထဲမှာပဲ ဆိုရမယ် ခြံထဲကနေ
ခြေတစ်လှမ်းလှမ်းတာနဲ့ မနက်ဖြန်ကြရင် ကိုယ့် အထုတ်ကို ပြင်ပြီး အိမ်ပေါ်ကြဆင်းကြ ဒါပဲ"ခြံထဲမှာဆို ခွင့်ပြုမယ်လို့ပြောတာကြောင့် ၂ ယောက်သားပြေးဆင်းပြီး ခြံဝနားတွင်
"အကိုတို့ ကျွန်တော်တို့ ဒီမှာပဲ ဆိုကြမလား"
"ဟာ ဘယ်ဖြစ်မလဲ ကျွန်တော်က ကောင်မလေး ပိုးမလို့လေဗျာ"
"ဟုတ်တယ် ဘယ်လိုလုပ်ရမလဲ အိမ်ကဟာကလဲ မသွားရဘူးတဲ့"
"ဒီလိုလုပ်ဗျာ အကို့ကောင်မလေးကို ခြံထဲ
ချိန်းလိုက်ပါလား""အဲ့လိုမရဘူးလေ ဟိုက မိန်းကလေး ရှက်မှာပေါ့"
"ခိုးထွက်ကြမလားအကို"
ဟန်မင်းမြတ်တစ်ယောက် ခေတ်လွှမ်းသူကို မေးဆက်ပြရင်းမေးသည်။ ဟိုက
ခေါင်းတစ်ခါခါဖြင့်"မနက်ကြရင် အိမ်ပေါ်က ဆင်းနေရမယ်နော်"
"ဒီလိုလုပ်ဗျာအာ့ဆိုလဲ ဒီမှာပဲ ဆိုတော့မယ် သူတို့အိမ်နဲ့ကသိပ်မဝေးတော့ကြားရမှာပါ"
"အဲ့တာမဆိုးဘူးလာအထဲဝင်"
ခေတ်လွှမ်းသူက မြတ်သူမောင် စာကျက်နေ
သည့် အခန်းထဲသို့သွားကာ
YOU ARE READING
My Emperor
عاطفية"မင်းကိုချစ်တဲ့အကြောင်းတွေပြောပါဆိုရင် ငါမင်းကိုဘယ်လောက်ထိ မုန်းလဲဆိုတာကနေ စရမယ်ထင်တယ်"