အပိုင်(1)

12 2 0
                                    


   နေရောင်များဖြာ၍နေ့ကောင်းရက်ကောင်းလေးမှာ နေတာယာထွဋ်တစ်ယောက် သူငယ်ချင်းများနဲ့ဆိုင်ကယ်စီးပြိုင်ရန်အတွက်အပြင်ထွက်ဖို့ပြင်ဆင်ပြီးအောက်ဆင်းလာသည်

"နေတာယာထွဋ်ဒီခနဘာအုံး"

"ဗျာ လာပြီဖေဖေ"

ဦးနေထွဋ်တစ်ယောက် အပြင်ထွက်ရန်ပြင်နေသော သားအား ခေါင်းကခြေစုံကြည့်လိုက်သည်

"ဖေဖေ သားကို ဘာပြောမလို့လဲ"

"ထိုင်အုံး "

နေတာ တစ်ယောက် မျက်ခုံးခက်လှုပ်လှုပ်ဖြစ်နေသည် မိမိ၏ ဖားသားကြီးရဲ့ဘယ်လို့ ဩဝါဒတွေ လာမလဲမဆိုကို ထိုင်နားထောင်ရန်ပြင်လိုက်သည်

"မင်း မနက်ဖြန်ကစပြီး Blutterfly group ကိုအလုပ်သင်ဆင်းဖို့သွားရမယ်"

နေတာယာ ဖေဖေစကားကိုငြင်းလိုက်သည် ထို ကုမ်မဏီဆိုရင် သူသွားမလုပ်နိုင်ပေ

"သားမသွားဘူးနော် ဖေဖေ"

"ဘာ မင်းသွားရမယ် မနက်ဖြန်ငါလိုက်ပို့မယ်"

"တစ်ခြား ကုမ်မဏီတွေရှိနေတာကို ဖေဖေက ဘာလို့ အဲကုမ်မဏီကိုသွားခိုင်းနေရတာလဲ"

"မောင်မင်းမဟာ လက်ထဲမှာစိတ်ချလို့သွားခိုင်းတာ နေတာယာထွဋ် ​မင်းဖအေက ကောင်းတာလုပ်ပေးတာကို့ မငြင်းနဲ့ "

"သား အဲလူဆီမှာဆို့မလုပ်နိုင်ဘူး တစ်ခြားကုမ်မဏီတွေဆို့ ကြိုက်တဲ့ကုမ်မဏီလုပ်ခိုင်း အဲလူ ကုမ်မဏီ ဆို့ သား သွားမလုပ်နိုင်ဘူးဖေဖေ"

"နေတာယာထွဋ် မင်းကိုမင်း ဟုတ်လှပြီထင်နေတာလား မင်းဘွဲ့ရပြီးပြီ အခုထိအလေလိုက်နေတုံး ဖအေကုမ်မဏီလဲဝင်မလုပ် ကိုယ့်အကိုကြီးကို ဝင်ကူမယ်မရှိဘူး တစ်နေ့တစ်နေ့ ဆိုင်ကယ်စီးပြိုင် barတက်နဲ့ အလေလိုက်နေတာ "

"အဲအလုပ်တွေက သားဝါသနာမှမပါတာ ကျွန်တော်ဝါသနာပါတာကြ ဖေဖေတို့ ပေးလုပ်လို့လား"

သားဖနှစ်ယောက်စကားများသံမှာ တစ်ဖြည်းဖြည်းကျယ်လာသဖြင့် အလုပ်သွားရန်ပြင်နေသော နေတည်ကြည် တစ်ယောက်အောက်သို့ဆင်းလာလိုက်သည်

My Husband Blutterfly Where stories live. Discover now