chapter 9

169 26 0
                                    

Chapter 9
September 27, 2024
👨‍❤️‍👨Chapter 9

– လုပ်ငန်းစတင်ခြင်း





သွမ့်ရှူးထုံ၏ခေါင်းထဲတွင် သူ့အရင်ဘဝက ကိုယ်တိုင် ထုတ်လုပ်ခဲ့သည့် အသားအရေထိန်းသိမ်းရေး ဖော်မြူလာများ အလုံအလောက် ရှိလေသည်။ သူသည် တစ်ခါက နာမည်ကြီး အဆင့်အတန်းမြင့် တံဆိပ်များကို ထိုးဖောက်ပြီး အသားအရေထိန်းသိမ်းရေး ထုတ်ကုန်လောကတွင် မြင်းနက်တစ်ကောင် ဖြစ်ခဲ့ဖူးလေသည်။

သို့သော်လည်း ထိုသို့ဖြစ်ခဲ့သည့် ကိစ္စက သူပျင်းနေသည့်အချိန် တစ်ခုခုလုပ်လိုက်မိသည်လေးသာ ဖြစ်သည်။ သူက ထိုလောကတွင် ကျွမ်းကျင်နှံ့စပ်သည့်သူလည်း မဟုတ်ပေ။

ယခုလက်ရှိအချိန်တွင် နွေဦးဆောင်းဦးခန်းမက အသားအရေထိန်းသိမ်းရေး ထုတ်ကုန်ဘက် အာရုံစိုက်နေသည်ဖြစ်၍ လတ်တလော အကြွေးတင်နေသည့် ကိစ္စမှလွတ်မြောက်ပြီး နောင်လာမည့် သုတေသနပရောဂျက်များအတွက် အမြတ်အစွန်းထွက်လာအောင် ထိုအသားအရေထိန်းသိမ်းရေး ထုတ်ကုန်များဖြင့် စတင်လုပ်ကိုင်ရလိမ့်မည်။

ရင်းနှီးမြုပ်နှံပေးရန်အတွက် သွမ့်မိသားစုကို သွားရှာမည့်အဖြစ်ကို သွမ့်ရှူးထုံက လုံးဝစဥ်းစားလိမ့်မည် မဟုတ်ပေ။

သူက ဓါတ်ခွဲခန်းထဲတွင် တစ်နေကုန် တစ်နေခန်း နေခဲ့ပြီး နေ့လည်စာကိုလည်း ကျိုးလင်ကို ယူခိုင်းရသည်။ ကျိုးလင်က သူ၏ လက်ရှိလက်ထောက် ဖြစ်သည်။

ညနေ၅နာရီ အလုပ်ဆင်းချိန်ရောက်သောအခါ စကားပြောဂရုထဲမှ လူတိုင်းက ကျိုးလင်ဆီ စာပို့ကုန်ကြသည်။

[ ဘယ်လိုလဲ ဒါရိုက်တာသွမ့်က....သူ ဒီနေ့ ဘာတွေ လုပ်ခဲ့တာလဲ....သူ တကယ်ပဲ သုတေသနလုပ်နေတာလား....ဒါမှမဟုတ် အိပ်နေတာလား...]

[ သူ တစ်ယောက်ယောက်ကို ဆူလိုက်သေးလား....ငါ ကြားတာ အဲ့ဒီသခင်လေးသွမ့်က သဘောဆိုးတယ်တဲ့....]

[ ဒီလိုသခင်လေးမျိုးက တကယ် စိတ်ပျက်ဖို့ကောင်းတယ်....ကံကောင်းလို့ ငါ အရွေးမခံရတာ....]

ကျိုးလင် "....."

သူမက စာမပြန်လိုက်တော့ပေ။ မည်သို့ဖြစ်စေ သူမကတော့ ဒါရိုက်တာသွမ့်က တော်တော်လေးကောင်းသည်ဟု ထင်မိသည်။

ML2နှင့်ML3တို့၏ဟက်ပီးအန်းဒင်းWhere stories live. Discover now