နားပဲ့ဆိုတဲ့ရွာလေးကို လှည်းနဲ့တအိအိဖြတ်ကျော်ပြီးတဲ့နောက်မှာတော့ မြောက်ကျောအဆင်းကိုရောက်လာလေပြီ။
"ဗျို့ ကိုမြို့သား ကျုပ်နားတိုးနေ အထုပ်တွေလဲသေချာကိုင်နော့် ဒီအဆင်းကနည်းနည်းကြမ်းတယ် အောက်ရောက်တာနဲ့ချောင်းကိုတန်းဖြတ်ရမှာ ခင်ဗျားပြုတ်ကျနေခဲ့မယ်"
ကိုအေးလွင်ရဲ့စကားကြောင့် လန့်ပြီးရှေ့နားထိတိုးသွားမိသည်။မြောက်ကျောအဆင်းမှာတကယ်ကိုအဟုတ်ပင်ကြမ်းလှပါသည်။ချိုင့်တွေခွက်တွေနှင့်အဆင်းကမတ်လဲမတ်ပြန်သေးသည်။
မြောက်ကျောအဆင်းကိုအောင်မြင်စွာဆင်းပြီးချောင်းထဲရောက်ကာမှထင်အောင်သက်ပြင်းချနိုင်တော့သည်။
"ကိုမြို့သား အဆင်ပြေရဲ့လား"
"ပြေ ပြေပါတယ်ခင်ဗျာ"
တုန်တုန်ယင်ယင်နဲ့ပြန်ဖြေလိုက်ပြီး မောင်းတုန်း ဆိုတဲ့ရွာလေးကိုရောက်လာခဲ့လေပြီ။
အုပ်ချုပ်ရေးမှူးလင်မယားမှာအဖေနဲ့အမေတို့အသိဖြစ်၍အစစအရာရာအဆင်မပြေမှာတော့စိုးရိမ်စရာမလိုပေ။"ကိုင်း လူလေး ရေနွေးကြမ်းသောက်အုံးကွာ"
"ဟုတ်ကဲ့ဘကြီး"
"အုပ်ကြီးတို့များနော် ခွဲခြားခွဲခြားနဲ့ ကျုပ်လဲရေနွေးကြမ်းတိုက်ရပါတယ်ဗျ"
အေးလွင်ရဲ့အပြောကြောင့် အုပ်ကြီးခင်ဗျာပြုံးစိစိနှင့်မချိပြုံး ပြုံးလိုက်ရပါသေးသည်။
"ကိုမြို့သား ဒါကရွာဉက္ကဌ ဘသာအုန်း တဲ့ ဟောဟိုဘက်က သူ့မိန်းမ ကတော်ပေါ့ အရီးစိန်တင် တဲ့"
"ဟုတ်ကဲ့ မင်္ဂလာပါဗျ"
အေးလွင်ကမိတ်ဆက်ပေးတော့မြို့သားမှာ လက်အုပ်ချီကာဂါရဝပြုလေသည်။
"သူတို့မှာ သားနှစ်ယောက်နဲ့သမီးတစ်ယောက်ရှိသေးတယ် သားနှစ်ယောက်ကတော့ခုလောက်ဆိုတောထဲသွားရောပေါ့ သာအေး နဲ့ သာထူး တဲ့ အငယ်မလေးကတော့ကျုပ်နဲ့အသက်အတူတူပဲ"
"စကားကောင်းနေကြတာလား ဂျင်းသုပ်လေးမြည်းကြပါအုံးတော့်"
ပြောပြောဆိုဆိုနှင့်ဂျင်းသုပ်ပန်းကန်လေးကိုင်ကာရောက်လာတဲ့မိန်းကလေးတစ်ယောက် ဆံပင်ရှည်ရှည်တို့ကိုစုစည်းထားပြီး ပါးထက်မှာပါးကွက်ကြားလေးက ဆေးဆိုးပန်းရိုက်မျက်နှာများနှင့်အကွာသား ရိုးရိုးထဘီနှင့်အိင်္ကျီကိုသာဝတ်ဆင်ထားသော်လဲ ယဉ်ယဉ်လေးနှင့်လှတဲ့အရိုင်းပန်းလေးနှယ်