မိသားစုက မပြည်စုံတာကြောင့် မိဘတွေက နိုင်ငံခြားမှာ
အလုပ်လာလုပ်ကြတော့ ကျွန်တော်ပါ တပါတည်း ကျောင်း
ပြောင်းလာခဲ့ရတယ်။ မူလတန်းကျောင်းသားလေး ကျွန်တော်ဟာ ဘာသာစကားအခက်အခဲကြောင့် ယုံကြည်မှု လျော့နည်းခဲ့ရတဲ့အပြင် လူမျိုးရေးခွဲခြားမှုတွေကြားမှု အနိုင်ကျင့်စော်ကားမှုတွေပါ ခံခဲ့ရတယ်။ အဲ့လိုအဆင်မပြေမှုတွေကို ကျွန်တော့ မိဘတွေပါ ခံစားနေရမှာ ကျွန်တော်ကြောက်မိတယ်။ ကျွန်တော်မိဘတွေဟာ အမြဲတမ်း ပျော်ရွှင်နေတဲ့ ပုံစံကိုသာ ပြခဲ့တယ်။ အဲ့တာကြောင့် ကျွန်တော်အိမ်မက်ဟာ ကျွန်တော့်မိဘတွေလို မိဘကောင်းတယောက်ဖြစ်လာပြီး ပျော်ရွှင်တဲ့မိသားစုတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ဖြစ်ခဲ့တယ်။ကျွန်တော်အလယ်တန်းရောက်တော့
တနေ့ YouTubeသုံးနေရင်း ကလေးတယောက် ဂီတာတီးရင်း သီချင်းဆိုနေတာ တွေ့ခဲ့တယ် အသက်လေးနဲ့မလိုက်အောင်
တော်လွန်းတဲ့ကလေးကို သဘောကျခဲ့ပြီး အဲ့နေ့ကစ ဂစ်တာတီးသင်ခဲ့တယ်။ ကလေး Coverဆိုထားတဲ့သီချင်းတွေကိုလိုက်ဆိုနိုင်အောင်လေ့ကျင့်ခဲ့ပြီး ကလေးရဲ့အကြိုက်ဆုံသီချင်းတွေဟာ ကျွန်တော့် အကြိုက်ဆုံးသီချင်းတွေဖြစ်လာခဲ့တယ်။ နာမည်ကြီးအဆိုတော်တွေအများကြီးရှိရဲ့သားနဲ့ ကျွန်တော်ဟာ အသက် ၁၂အရွယ် ကလေးတယောက်တည်းကိုသာ မြင်ခဲ့ပြီး သူ့အသံတွေကသာ ကျွန်တော့ကိုစိုးမိုးနေတော့တယ်။တဖြေးဖြေးနဲ့လူပျိုပေါက်အရွယ်လေးဖြစ်လာတော့ ကျွန်တော်ဟာ အဖေ့လို ယောကျားဆန်ပြီး ကျစ်လစ်တဲ့ ခန္ဓာကိုယ်မျိုးဖြစ်လာတယ်။ workout တွေ ကြိုးစား လုပ်ယူ စရာမလိုပဲ အဆီပိုမရှိတဲ့ ခန္ဓာကိုယ်မျိုးပိုင်ဆိုင်ထားတဲ့အပြင် USမှာအနေကြာတော့ တဖြေးဖြေး သူတို့ ရုပ်ရည်သွင်ပြင်နဲ့ဆင်တူလာခဲ့တယ်တဖြေးဖြေးနဲ့။ ကျွန်တော့နားမှာ ကောင်မလေးတွေ ဝိုင်းလာခဲ့တယ်။ အဲ့တာက ပိုကြီးမှားတဲ့ အနိုင်ကျင့်မှုတွေဖြစ်လာစေခဲ့တယ်။ ဒီမှာနေတာကြာလာပြီ ဆိုပေမဲ့ ကျွန်တော့ကို နိုင်ငံခြားသားတယောက်လိုဆက်ဆံပြီး အနိုင်ကျင့်ကြတုန်းပဲ။ ကျွန်တော်လဲ နာကျင်ရတာတွေများတော့ ရွဲချင်လာပြီး သူတို့ကြိုက်တဲ့ကောင်မလေးတိုင်းနဲ့ အချောတကာ့ထိပ်ခေါင်တိုင်းနဲ့ ပတ်တွဲပစ်ခဲ့တယ်။ ရုပ်ချောချောလေးနဲ့ပေါ့။ လုပ်ချင်တာလုပ်ပြီး Uniတက်ရမဲ့အချိန်ရောက်တော့ ကျွန်တော် korea ပြန်ချင်ကြောင်းပြောပြီး ခွင့်တောင်းခဲ့တယ်။ အဖေနဲ့အမေဟာ ဒေါ်လေးအိမ်မှာ နေရင် ခွင့်ပြုမယ်ဆိုတာကြောင့် ဒေါ်လေးအိမ်မှာနေဖို့ဖြစ်ခဲ့တယ်။
ကျွန်တော့ညီ ဝမ်းကွဲ ဟန်ဘင်းနဲ့ နေရမှာဆိုတော့ ကျွန်တော်ကတော့ ပျော်တာပေါ့။ပြီးတော့ ကျွန်တော့ ကလေးနဲ့လဲ တွေ့ရဦးမယ်လေ
YOU ARE READING
Playboy
Short Storyစချစ်ခဲ့တာလဲ ငါပဲ ထားပစ်ခဲ့တာလဲ ငါပဲ နောက်ဆုံး နောင်တတွေ တပွေ့တပိုက်ကြီးနဲ့ အသည်းကွဲ နေရတာလဲ ငါပဲ ဘာလို့ မင်းဘက်က အချစ်အမုန်းအရိပ်ယောင်လေးတောင် မတွေ့ရတာလဲ ကလေးရာ