Whispers from 1996

81 12 17
                                    

"ဒီမှာဗျ အခုကလေ ဘယ်နှခုနစ်လည်းမသိဘူး"

ရောက်လာတည်းကနေရာကရင်နှီးမနေဘဲထူးဆန်းနေတာကြောင့်လမ်းမှာတွေ့တဲ့ဦးလေးကြီးတစ်ယောက်အားသိချင်စိတ်နှင့်မေးကြည့်လိုက်ရာ ပြန်ဖြေလာသည်မှာ

"အခုက 1996ခုနှစ်လေ လူငယ်လေး"

မထင်မှတ်ထားမိပါ။ 1996တဲ့‌လား?? ဒါဆိုအချိန်ခရီးသွားတဲ့ပုံမျိုးလား??
စနေတယ်ထင်တာမို့မယုံစွာဖြင့်ထပ်မေးကြည့်လိုက်မိသည်။

"ဗျာ? 2024 မဟုတ်ဘူးလားဗျ?"

"အယ်?  1996ပါ လူငယ်လေးရ"

သွားပြီ သွားပြီ။
ဒီဦးလေးမျက်နှာထားအရတကယ်ကြီးထင်တယ်။

ရှောပြီ.. မင်းတော့တကယ်ရှောပြီ ဟန်ယူဂျင်း..
အခုဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ!!

"မေးလို့ပြီးပြီဆိုဦးလေးသွားတော့မယ်နော်"

"အာ.. ဟုတ်ကဲ့"

တစ်ဖက်အားပြန်နှုတ်ဆက်ပြီးနောက်သူ့မျက်လုံးကအမှတ်မထင်သူပတ်ထားတဲ့နာရီပေါ်သို့။

"ဘာလဲဟ..ဒါက"

နာရီထဲမှသေးငယ်စွာပေါ်နေသောစာလုံးငယ်များအားပြူးတူးပြဲတဲဖတ်ကြည့်လိုက်ပြီးနောက်ဆုံးမှာအဓိပ္ပာယ်ဖော်နိုင်ခဲ့သည်။

'သင်သည် 1996ခုနှစ်တွင် 6လကြာနေထိုင်ရပါမည်။'

အဓိပ္ပာယ်အားနားလည်သွားချိန်မှာတော့သရဲတွေ့သလိုလန့်ဖြန်ပြီး မျက်လုံးပြူးမျက်စံပြူးဖြစ်သွားရလေသည်။

6လ??? 6လ!!!
ရူးနေလား!!!?? 6လလေ?!?!
တစ်နှစ်ရဲ့တစ်ဝက်ကြီးတောင်ကွ!!

"ဟူးးးး ဟမ်?"

6လတောင်ဒီခုနှစ်ထဲသောင်တင်ရတော့မယ့်အခြေအနေကြောင့်သက်ပြင်းအရှည်ကြီးချလိုက်ပေမယ့်နာရီကိုကြည့်ကာတစ်ခုခုအားသတိရသွားလေသည်။

"အားးး ဟုတ်သားပဲ!!! ဒီနာရီ!!"

***

ယနေ့အိမ်ပြောင်းရမှာမို့အစောကြီးထကာအားလုံးကိုအမေတို့နဲ့အတူပြင်ဆင်ရလေသည်။
အစောကြီးမထချင်တဲ့သူ့အဖို့တော့အလွန်ခက်ခဲ၏။ အိပ်ချင်မူးတူးဖြင့်ဟိုကိုင်ဒီကိုင်လုပ်နေပြီးထိထိရောက်ရောက်မကူညီတဲ့သူ့ကိုအမေကမြင်ကာ

You've reached the end of published parts.

⏰ Last updated: Oct 20 ⏰

Add this story to your Library to get notified about new parts!

A love written in TIMEWhere stories live. Discover now